၃ ရာ 8:21 - မြန်မာ့စံမီသမ္မာကျမ်း21 ငါတို့ဘိုးဘေးတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့စဉ်က သူတို့နှင့်ဖွဲ့ခဲ့သောထာဝရဘုရား၏ပဋိညာဉ်ပါသေတ္တာတော်ထားမည့်နေရာကို ငါပြင်ဆင်ထားပြီ”ဟု မြွက်ဆိုလေ၏။ Ver CapítuloCommon Language Bible21 ငါတို့ဘိုးဘေးများအားအီဂျစ်ပြည်မှထုတ် ဆောင်လာတော်မူစဉ်အခါက သူတို့နှင့်ထာဝရ ဘုရားပြုတော်မူသောပဋိညာဉ်တော်ဆိုင်ရာ ကျောက်ပြားများပါရှိသည့် ပဋိညာဉ်သေတ္တာတော် ထားရန်နေရာကိုဗိမာန်တော်တွင်ပြင်ဆင်ထား ပြီ'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible21 ဘိုး ဘေး တို့ ကို အိ ဂျစ် ပြည် မှ ထုတ် ဆောင် သည့် ကာ လ ထာ ဝ ရ ဘု ရား ဖွဲ့ တော် မူ ခဲ့ သော ပ ဋိ ညာဉ် တ ရား တော် ပါ ရှိ သည့် သေတ္တာ တော် ကို လည်း ဗိ မာန် တော် တွင် ငါ သွင်း ထား ပြီ ဟု မြွက် ဆို လေ ၏။ Ver CapítuloJudson Bible21 ငါတို့ဘိုးဘေးများကို အဲဂုတ္တုပြည်မှ၊ ထာဝရဘုရားနုတ်ဆောင်သောအခါ၊ သူတို့နှင့် ဖွဲ့တော်မူသော ပဋိညာဉ်ကျောက်စာပါသော သေတ္တာတော်ထားရာအရပ်ကို ထိုအိမ်တော်၌လုပ်လေပြီဟု မြွက်ဆို၏။ Ver Capítulo |
ယခု သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်ပါလျက် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ရှာကြလော့။ ထ၍ ထာဝရဘုရားအဖို့သန့်ရှင်းရာဌာနကို တည်ဆောက်ကြလော့။ သို့မှ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်၊ ဘုရားသခင်အဖို့ သန့်ရှင်းသောအသုံးအဆောင်များကို ထာဝရဘုရား၏နာမတော်တည်ဖို့ဆောက်လုပ်ထားသောအိမ်တော်ထဲတွင် ထားရှိနိုင်မည်”ဟု မိန့်မှာလေ၏။