၃ ရာ 7:51 - မြန်မာ့စံမီသမ္မာကျမ်း51 ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အဖို့ လုပ်ဆောင်စရာအလုံးစုံတို့ကို လုပ်ဆောင်ပြီးသောအခါ ခမည်းတော်ဒါဝိဒ်မင်းကြီး ဆက်ကပ်လှူဒါန်းထားသော ရွှေထည်ငွေထည်အသုံးအဆောင်များကို ရှောလမုန်မင်းကြီးယူဆောင်လာပြီး ထာဝရဘုရား၏အိမ်တော်ရှိဘဏ္ဍာတိုက်ထဲတွင် ထားရှိလေ၏။ Ver CapítuloCommon Language Bible51 ဗိမာန်တော်အတွက်လုပ်ကိုင်ရန် ရှိသမျှသော အလုပ်တို့ကိုလက်စသတ်ပြီးနောက် ရှောလမုန် မင်းသည်ထာဝရဘုရားအားခမည်းတော် ဒါဝိဒ်ဆက်ကပ်ပူဇော်ထားခဲ့သည့် ရွှေ၊ ငွေ၊ နှင့် အခြားပစ္စည်းများကိုဗိမာန်တော်ပစ္စည်းသို လှောင်ရာအခန်းများတွင်သိမ်းဆည်းထား တော်မူ၏။ Ver CapítuloGarrad Bible51 ဗိ မာန် တော် အ မှု ကို အ ပြီး သတ် ပြီး လျှင် ခ မည်း တော် ဒါ ဝိဒ် မင်း သီး သန့် ထား ခဲ့ သော ရွှေ၊ ငွေ၊ အ သုံး အ ဆောင် များ ကို လည်း ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် ဘ ဏ္ဍာ တိုက် တွင် ဆောင် သွင်း သ တည်း။ Ver CapítuloJudson Bible51 ထိုသို့ ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အဖို့ ပြုလုပ်စီရင်သမျှအလုံးစုံတို့ကို လက်စသတ်ပြီးမှ၊ ခမည်းတော်ဒါဝိဒ်လှူသော ရွှေငွေတန်ဆာများကိုဆောင်ခဲ့၍၊ ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာစုထဲမှာ သွင်းထားလေ၏။ Ver Capítulo |
ဤသို့ဖြင့် ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အဖို့ လုပ်ဆောင်စရာအလုံးစုံတို့ကို လုပ်ဆောင်ပြီးစီးလေ၏။ ခမည်းတော်ဒါဝိဒ်မင်းကြီး ဆက်ကပ်လှူဒါန်းထားသော ရွှေထည်ငွေထည်အသုံးအဆောင်ရှိသမျှတို့ကို ရှောလမုန်မင်းကြီးယူဆောင်လာပြီး ဘုရားသခင်၏အိမ်တော်ရှိဘဏ္ဍာတိုက်ထဲတွင် ထားရှိလေ၏။