၃ ရာ 7:21 - မြန်မာ့စံမီသမ္မာကျမ်း21 ထိုတိုင်တို့ကို ဗိမာန်တော်ဆင်ဝင်တွင် စိုက်ထူ၏။ စိုက်ထူထားသောယာဘက်တိုင်ကို ယာခိန် ဟုအမည်ပေးထားပြီး စိုက်ထူထားသောဝဲဘက်တိုင်ကို ဗောဇ ဟုအမည်ပေးထား၏။ Ver CapítuloCommon Language Bible21 ဟိရံသည်ဤကြေးဝါတိုင်ကြီးနှစ်လုံးကို ဗိမာန်တော်အဝင်ဝရှေ့၌စိုက်ထူထားပြီး လျှင် တောင်ဘက်တိုင်ကိုယာခိန်၊ မြောက်ဘက်တိုင် ကိုဗောဇဟူ၍လည်းကောင်းနာမည်မှည့်၏။- Ver CapítuloGarrad Bible21 ထို တိုင် နှစ် လုံး ကို ဗိ မာန် တော် မုတ် ဆောင် အ နီး စိုက် ထား၍ လက်ျာ တိုင် ကို ယာ ခိန်၊ လက် ဝဲ တိုင် ကို ဗော ဇ ဟု သ မုတ် လေ ၏။ Ver CapítuloJudson Bible21 ထိုတိုင်တို့ကို ဗိမာန်တော် ကနားပြင်ထဲမှာ စိုက်ထား၍ လက်ယာတိုင်ကိုယာခိန်၊ လက်ဝဲတိုင်ကို ဗောဇအမည်ဖြင့် မှည့်လေ၏။ Ver Capítulo |
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။
ဤသို့ဖြင့် မဏ္ဍိုင်များဖြစ်သည်ဟု မှတ်ယူခြင်းခံရသော ယာကုပ်၊ ကေဖနှင့် ယောဟန်တို့သည် ငါ့အားပေးထားသော ကျေးဇူးတော်ကိုသိမြင်၍ မိတ်ဖွဲ့ခြင်းလက်ယာလက်ကို ငါနှင့်ဗာနဗတို့အားကမ်းလျက် ငါတို့သည် လူမျိုးခြားတို့ထံသို့သွားရန်နှင့် သူတို့မူကား အရေဖျားလှီးထားသောသူတို့ထံသို့သွားရန် သဘောတူကြ၏။
ငါသည် အောင်မြင်သောသူအား ငါ့ဘုရားသခင်၏ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ သူသည် မည်သည့်အခါမျှ အပြင်သို့ထွက်ခွာသွားရတော့မည်မဟုတ်။ ငါသည် ငါ့ဘုရားသခင်၏နာမတော်ကိုလည်းကောင်း၊ ငါ့ဘုရားသခင်၏မြို့တော်တည်းဟူသော ဘုရားသခင်အထံတော်ကောင်းကင်မှဆင်းသက်လာသည့် ဂျေရုဆလင်မြို့သစ်၏နာမကိုလည်းကောင်း၊ ငါ၏နာမအသစ်ကိုလည်းကောင်း သူ့အပေါ်၌ရေးထားမည်။
သူ့ယောက္ခမကလည်း “ယနေ့ သင် အဘယ်မှာကောက်သင်းကောက်ခဲ့သနည်း။ အဘယ်မှာ အလုပ်လုပ်ခဲ့သနည်း။ သင့်ကို ခွင့်ပြုသောသူသည် မင်္ဂလာရှိပါစေသော”ဟု ဆိုလျှင် သူက “ယနေ့ အကျွန်ုပ် အလုပ်လုပ်ခဲ့သောလယ်ကွက်ပိုင်ရှင်၏နာမည်မှာ ဗောဇ ဖြစ်၏”ဟု ဆိုပြီး သူအလုပ်လုပ်ခဲ့သောလယ်ကွက်ပိုင်ရှင်အကြောင်းကို သူ့ယောက္ခမအား ပြောပြ၏။