၃ ရာ 6:6 - မြန်မာ့စံမီသမ္မာကျမ်း6 အောက်ဆုံးထပ်အခန်းမှာ အနံငါးတောင်၊ အလယ်ထပ်အခန်းမှာ အနံခြောက်တောင်၊ တတိယထပ်အခန်းမှာ အနံခုနစ်တောင်ရှိ၏။ အိမ်တော်နံရံကို ဖောက်မဝင်ဘဲ အိမ်တော်အပြင်နံရံပတ်ပတ်လည်တွင် အခန်းကိုထောက်ပင့်ထားသောဆင့်တို့ကို ပြုလုပ်ထား၏။ Ver CapítuloCommon Language Bible6 အောက်ဆုံးထပ်အခန်းများသည်အကျယ် ခုနစ်ပေခွဲ၊ အလယ်ထပ်၌ကိုးပေစီ၊ အပေါ် ဆုံးထပ်၌ဆယ်ပေခွဲစီရှိ၏။ ထိုအခန်းများ ကိုဆောက်လုပ်ရာတွင်ယက်မများကို နံရံ ကိုမဖောက်ဘဲနံရံပေါ်တွင်တင်၍ဆောက် လုပ်နိုင်စေရန် ဗိမာန်တော်နံရံတို့ကိုအထက် ထပ်တွင်အောက်ထပ်ထက်ပို၍ပါးအောင် ပြုလုပ်ထားလေသည်။ Ver CapítuloGarrad Bible6 ဗိ မာန် တော် နံ ရံ ကို မ ဖောက် ဘဲ ၎င်း နံ ရံ တွင် ရက် မ ခံ ဖောင်း ရစ် များ ကို လုပ်၍ အောက် ထပ် အ နံ ငါး တောင်၊ အ လယ် ထပ် အ နံ ခြောက် တောင်၊ အ ပေါ် ထပ် အ နံ ခု နစ် တောင် ရှိ ၏။ Ver CapítuloJudson Bible6 အောက်အခန်းသည် အနံငါးတောင်၊ အလယ်အခန်း အနံခြောက်တောင်၊ အထက်အခန်း အနံခုနစ်တောင်ရှိ၏။ အကြောင်းမူကား၊ အခန်းတို့သည် အိမ်တော်ထရံကိုယ်ထဲသို့ မဝင်။ ထရံဆုတ်လျက်၊ ဆုတ်လျက်တက်၏။ Ver Capítulo |
ထို့နောက် ရှောလမုန်မင်းကြီးသည် ဂျေရုဆလင်မြို့ရှိ မောရိတောင်ပေါ်၊ ခမည်းတော်ဒါဝိဒ်မင်းကြီးထံ ထာဝရဘုရားထင်ရှားတော်မူရာနေရာတွင် ထာဝရဘုရားအဖို့ အိမ်တော်ကို စတင်တည်ဆောက်၏။ ထိုနေရာသည် ယေဗုသိလူမျိုးဩရနန်၏ကောက်နယ်တလင်းတွင် အိမ်တော်တည်ဆောက်ဖို့ ဒါဝိဒ်မင်းကြီးပြင်ဆင်ထားသောနေရာဖြစ်၏။