၃ ရာ 4:24 - မြန်မာ့စံမီသမ္မာကျမ်း24 သူသည် တိဖသမြို့မှ ဂါဇမြို့အထိ ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းတစ်လျှောက်လုံးကို ပိုင်၏။ ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းရှိဘုရင်အားလုံးတို့ကို အုပ်စိုးရပြီး သူ့ဝန်းကျင်တစ်ခွင်မှာ ငြိမ်းချမ်းသာယာခြင်းရှိလေ၏။ Ver CapítuloCommon Language Bible24 ရှောလမုန်သည်ဥဖရတ်မြစ်ပေါ်ရှိတိဖသ မြို့မှ အနောက်ဘက်ဂါဇမြို့တိုင်အောင်ဥဖရတ် မြစ်အနောက်ဘက်ခြမ်းနယ်မြေအပေါင်းကို အစိုးရတော်မူ၏။ ဥဖရတ်မြစ်၏အနောက် ဘက်ရှိဘုရင်အပေါင်းတို့သည်သူ၏လက် အောက်ခံများဖြစ်ကြ၏။ သူသည်လည်းမိမိ အိမ်နီးချင်းတိုင်းပြည်ရှိသမျှနှင့်ငြိမ်းချမ်း စွာနေထိုင်တော်မူ၏။- Ver CapítuloGarrad Bible24 ရှော လ မုန် မင်း သည် မြစ် ကြီး အ နောက် ဘက် တိ ဖ သ မြို့ မှ ဂါ ဇ မြို့ တိုင် အောင် ဘု ရင် တ ကာ တို့ ကို အုပ် စိုး ရ သည့် အ လျောက် ပတ် ဝန်း ကျင် အ ရပ် ရပ်၌ စစ် မက် ရေး မ ရှိ။ Ver CapítuloJudson Bible24 ရှောလမုန်သည် မြစ်ကြီးအနောက်ဘက်၊ တိဖသမြို့မှအဇ္ဇာမြို့တိုင်အောင် ရှင်ဘုရင်အပေါင်းတို့ကို အစိုးရသဖြင့် ပတ်ဝန်းကျင်အရပ်တို့၌ စစ်မှုစစ်ရေးမရှိ။ Ver Capítulo |
ကြည့်ရှုလော့။ သင်သည် သားတော်တစ်ပါးကို ရလိမ့်မည်။ သူသည် အေးချမ်းစွာနေရသောသူ ဖြစ်လိမ့်မည်။ ငါသည် သူ့ဝန်းကျင်ရှိရန်သူအားလုံးတို့ကို သူနှင့်သင့်မြတ်စေမည်။ သူ့အမည်ကို ရှောလမုန် ဟုမှည့်ခေါ်ရမည်။ သူ့လက်ထက်တွင် အစ္စရေးပြည်ကို ငြိမ်းချမ်းခြင်း၊ ငြိမ်ဝပ်ခြင်း ရှိစေမည်။
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။