၃ ရာ 3:15 - မြန်မာ့စံမီသမ္မာကျမ်း15 ရှောလမုန်မင်းကြီးနိုးလာလျှင် အိပ်မက်ဖြစ်ကြောင်းကို သိရလေ၏။ သူသည် ဂျေရုဆလင်မြို့သို့ ပြန်သွား၍ ဘုရားရှင်၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင် ရပ်လျက် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထို့နောက် သူ၏အမှုထမ်းအပေါင်းတို့အတွက် စားသောက်ပွဲ ကျင်းပပေးလေ၏။ Ver CapítuloCommon Language Bible15 ရှောလမုန်သည်အိပ်ရာမှနိုး၍ မိမိသည်ဘုရားသခင်မိန့်တော်မူသောစကားများကိုအိပ်မက် တွင်ကြားသိခဲ့ရကြောင်းကိုသိလေ၏။ ထို့နောက် သူသည်ယေရုရှလင်မြို့သို့သွား၍ ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ရပ်လျက် မီးရှို့ရာ ပူဇော်သကာများနှင့်မိတ်သဟာယဇ်တို့ကို ထာဝရဘုရားအားပူဇော်ပြီးနောက် မှူးမတ် အပေါင်းတို့အတွက်စားသောက်ပွဲကိုကျင်းပ လေသည်။ Ver CapítuloGarrad Bible15 ရှော လ မုန် မင်း နိုး ၍ အိပ် မက် မှန်း ကို သိ လေ၏။ ယေ ရု ရှ လင် မြို့ သို့ ပြန် သွား ရာ ထာ ဝ ရ ဘု ရား ၏ ပ ဋိ ညာဉ် တော် သေ တ္တာ ရှေ့ ရပ် နေ လျက် မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ များ ကို ဆက် ကပ် ပြီး လျှင် ကျေး ကျွန် သင်း ပင်း တို့ အ ဖို့ စား သောက် ပွဲ ကို စီ ရင် စေ ၏။ Ver CapítuloJudson Bible15 ရှောလမုန်သည် နိုး၍ အိပ်မက်ဖြစ်မှန်းကိုသိ၏။ တစ်ဖန် ယေရုရှလင်မြို့သို့သွား၍ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့မှာ ရပ်လျက်၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်၍ ကျွန်အပေါင်းတို့အဖို့ ပွဲကို စီရင်တော်မူ၏။ Ver Capítulo |