၃ ရာ 22:23 - မြန်မာ့စံမီသမ္မာကျမ်း23 ထို့ကြောင့် ယခုကြည့်ပါ။ ထာဝရဘုရားသည် မင်းကြီး၏ပရောဖက်အပေါင်းတို့နှုတ်၌ မုသားမြွက်ဆိုသောဝိညာဉ်ကို သွင်းတော်မူပြီ။ မင်းကြီးလည်း ဘေးဆိုးနှင့်ကြုံရမည်ဟူ၍ ထာဝရဘုရားမိန့်ဆိုလေပြီ”ဟု ဆို၏။ Ver CapítuloCommon Language Bible23 ထို့နောက်မိက္ခာက``ဖြစ်ပျက်ပုံကားဤသို့တည်း။ ထာဝရဘုရားသည်ဤပရောဖက်တို့ကို အရှင့်အားလိမ်လည်ဟောပြောစေတော်မူ၏။ သို့ရာတွင်အရှင်တွေ့ကြုံရမည့်ဘေးအန္တရာယ် ကိုမူကိုယ်တော်တိုင်စီရင်ထားတော်မူပြီ'' ဟု နိဂုံးချုပ်လိုက်လေသည်။ Ver CapítuloGarrad Bible23 သွေး ဆောင် နိုင် လိမ့် မည် ဟု မိန့် တော် မူ၏။ သို့ ဖြစ်၍ ထာ ဝ ရ ဘု ရား သည် ထို ပ ရော ဖက် အ ပေါင်း တို့ နှုတ် တွင် လှည့် ပတ် သော နတ် ပူး ကပ် စေ တော် မူ သည့် အ တိုင်း ဘု ရင် မင်း အ ပေါ်၌ လည်း အ မင်္ဂ လာ ဗျာ ဒိတ် ကို ပေး တော် မူ ခဲ့ ပြီ ဟု ဖော် ပြ လေ ၏။ Ver CapítuloJudson Bible23 သို့ဖြစ်၍ ထာဝရဘုရားသည် မုသားစကားကို ပြောတတ်သော စိတ်ဝိညာဉ်ကို မင်းကြီး၏ပရောဖက်အပေါင်းတို့၌ သွင်းတော်မူပြီ။ မင်းကြီး၏အမှုမှာ အမင်္ဂလာစကားကို ပြောတော်မူပြီဟု ဟောလေ၏။ Ver Capítulo |
ထိုသို့ ပရောဖက်ပြောဆိုနေသည်ကို အာမဇိမင်းကြီးက “သင့်ကို ရှင်ဘုရင်၏အတိုင်ပင်ခံအဖြစ် ခန့်ထားသလော။ တိတ်တိတ်နေလော့။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်ခံရအောင်လုပ်သနည်း”ဟု ပြန်ပြောရာ ပရောဖက်က “ငါပေးသောအကြံကို သင်နားမထောင်၊ ဤအမှုကို သင်ပြုသောကြောင့် ဘုရားသခင်သည် သင့်ကိုဖျက်ဆီးပစ်ရန် ကြံရွယ်ထားသည်ကို ငါသိ၏”ဟု ဆိုလေ၏။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သင်တို့ခံရမည့် ဘေးအန္တရာယ်ကို ပြင်ဆင်နေပြီ။ သင်တို့ကိုဆန့်ကျင်မည့်အကြံအစည်ကို ကြံစည်နေပြီ။ မကောင်းသောလမ်းမှ အသီးသီးပြန်လာကြ။ သင်တို့၏အပြုအမူအကျင့်အကြံတို့ကို ပြုပြင်ကြ”ဟူ၍ မိန့်တော်မူကြောင်း ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့အား ယခု ဆင့်ဆိုလော့။