၃ ရာ 20:34 - မြန်မာ့စံမီသမ္မာကျမ်း34 ဗင်္ဟာဒဒ်မင်းကြီးက အာဟပ်မင်းကြီးအား “သင့်ခမည်းတော်ထံမှ အကျွန်ုပ်ခမည်းတော်သိမ်းယူခဲ့သောမြို့များကို သင့်အား ပြန်ပေးပါမည်။ အကျွန်ုပ်ခမည်းတော်သည် ရှမာရိမြို့တွင် ဈေးတည်သကဲ့သို့ သင်လည်း ဒမတ်စကပ်မြို့တွင် ဈေးတည်ပါ”ဟု ဆို၏။ အာဟပ်မင်းကြီးကလည်း “ဤကတိသစ္စာကြောင့် သင့်ကို ငါလွှတ်ပေးမည်”ဟု ဆိုကာ ဗင်္ဟာဒဒ်မင်းကြီးနှင့် ကတိသစ္စာပြုပြီး သူ့ကို လွှတ်လိုက်လေ၏။ Ver CapítuloCommon Language Bible34 ဗင်္ဟာဒဒ်က``အရှင့်ခမည်းတော်၏လက်မှအကျွန်ုပ် ၏ခမည်းတော်သိမ်းယူခဲ့သောမြို့များကို အရှင့် အားပြန်လည်ပေးအပ်ပါမည်။ အကျွန်ုပ်၏ခမည်း တော်သည်ရှမာရိမြို့တွင်ကုန်သွယ်ရေးဌာနကို ထားရှိခဲ့သည့်နည်းတူ အရှင်သည်လည်းဒမာ သက်မြို့တွင်ကုန်သွယ်ရေးဌာနထားရှိနိုင်ပါ သည်'' ဟုဆို၏။ အာဟပ်က``ဤသဘောတူညီချက်များအရ သင်၏အသက်ကိုချမ်းသာပေးမည်'' ဟုဆို၏။ ထိုနောက်သူသည်ဗင်္ဟာဒဒ်နှင့်မဟာမိတ်စာချုပ် ချုပ်ဆိုပြီးလျှင် ဗင်္ဟာဒဒ်အားသွားခွင့်ပြုတော် မူ၏။ Ver CapítuloGarrad Bible34 အ ရှင့် ခ မည်း တော် လက် မှ ကျွန် တော့် ခ မည်း တော် ယူ ထား သော မြို့ များ ကို ပြန် ဆက် ပါ့ မည် ပြင် ရှ မာ ရိ မြို့ တွင်း ၌ ရှု ရိ ရပ် ကွက် ကို ကျွန် တော့် ခ မည်း တော် သတ် မှတ် ခဲ့ သည့် နည်း တူ အ ရှင် လည်း ဒ မာ သက် မြို့ တွင်း၌ ဣ သ ရေ လ ရပ် ကွက် သတ် မှတ် တော် မူ ပါ ဟု ဆို ရာ ဣ သ ရေ လ ဘု ရင် က၊ ထို သို့ သ စ္စာ မိတ် ဖွဲ့ ခဲ့ လျှင် လွှတ် လိုက် မည် ဟု ဆို ၍ သ စ္စာ မိတ် ဖွဲ့ လျက် လွှတ် လိုက် လေ ၏။ Ver CapítuloJudson Bible34 ဗင်္ဟာဒဒ်ကလည်း၊ ငါ့အဘသည် ကိုယ်တော်အဘ၏လက်မှ လုယူသောမြို့တို့ကို ငါပြန်ပေးပါမည်။ ငါ့အဘသည် ရှမာရိမြို့၌ ရှုရိတန်းကိုလုပ်သကဲ့သို့ ကိုယ်တော်သည် ဒမာသက်မြို့၌ ဣသရေလတန်းကို လုပ်ရပါသည်ဟုဆိုလျှင်၊ အာဟပ်က ထိုသို့မိတ်သဟာယဖွဲ့လျက်၊ သင့်ကို ငါလွှတ်လိုက်မည်ဟုဆို၍ မိတ်သဟာယဖွဲ့လျက် လွှတ်လိုက်လေ၏။ Ver Capítulo |