၃ ရာ 20:27 - မြန်မာ့စံမီသမ္မာကျမ်း27 အစ္စရေးအမျိုးသားတို့လည်း စုရုံး၍ ရိက္ခာဖြည့်တင်းပြီးလျှင် ဆီးရီးယားတပ်နှင့်ရင်ဆိုင်တိုက်ခိုက်ရန် ချီလာကာ မျက်နှာချင်းဆိုင်တွင် စခန်းချကြ၏။ အစ္စရေးအမျိုးသားတို့သည် သူတို့ရှေ့တွင် ဆိတ်အုပ်လေးနှစ်အုပ်သဖွယ်ဖြစ်နေ၏။ ဆီးရီးယားတို့မူကား တစ်ပြည်လုံးအနှံ့တပ်စွဲထားကြ၏။ Ver CapítuloCommon Language Bible27 ဣသရေလအမျိုးသားတို့သည်လည်းစုရုံး ကာ စားနပ်ရိက္ခာစုံနှင့်မြို့ပြင်သို့ထွက်လာကြ လေသည်။ သူတို့သည်မိမိတို့၏တပ်ကိုနှစ်စု ခွဲ၍ရှုရိတပ်ကိုမျက်နှာမူကာနေရာယူ ကြ၏။ လွင်ပြင်တစ်ခုလုံးပြည့်နှက်နေသည့် ရှုရိအမျိုးသားတို့နှင့်နှိုင်းယှဉ်ကြည့်ပါ လျှင် ဣသရေလအမျိုးသားတို့သည်ဆိတ် အုပ်ကလေးနှစ်စုနှင့်တူပေသည်။ Ver CapítuloGarrad Bible27 ဣ သ ရေ လ အ မျိုး သား တို့ လည်း စား နပ် ရိ က္ခာ အ စုံ နှင့် စု ရုံး လျက် ဆီး ဆို့ ရန် ချီ ထွက် ကြ ရာ ပြည် လုံး နှံ့ သော ရှု ရိ တပ် တို့ ရှေ့ တွင် ဆိတ် အုပ် နှစ် စု မျှ သ ဖွယ် စွဲ ရပ် ကြ ၏။ Ver CapítuloJudson Bible27 ဣသရေလအမျိုးသားတို့သည်စာရင်းဝင်၍ ရိက္ခာကိုပြင်ဆင်ပြီးမှ စစ်ချီကြ၏။ ရှုရိလူတို့သည် တစ်ပြည်လုံးအနှံ့အပြားနေလျက်၊ သူတို့ရှေ့မှာ ဣသရေလလူတို့သည် ငယ်သောဆိတ်သငယ်နှစ်စုကဲ့သို့ တပ်ချကြ၏။ Ver Capítulo |
တစ်ဖန် နေအောက်တွင် ငါပြန်၍တွေ့မြင်သည်ကား ပြိုင်ပွဲသည် လျင်မြန်သောသူတို့အတွက်သာမဟုတ်။ စစ်ပွဲသည် ခွန်အားကြီးသောသူတို့အတွက်သာမဟုတ်။ အစားအစာသည် ပညာရှိသောသူတို့အတွက်သာမဟုတ်။ ဓနဥစ္စာသည် အသိဉာဏ်ရှိသောသူတို့အတွက်သာမဟုတ်။ မျက်နှာရခြင်းသည်လည်း တတ်သိနားလည်သောသူတို့အတွက်သာမဟုတ်။ အကြောင်းမူကား အချိန်ကာလနှင့်အကြောင်းတိုက်ဆိုင်မှုသည် ထိုသူအားလုံးတို့၌ ရောက်လာတတ်၏။