Biblia Todo Logo
La Biblia Online
- Anuncios -




၃ ရာ 20:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ယခု ဤသို့​ပြု​ပါ​လော့​။ ရှင်ဘုရင်​တို့​ကို ချန်လှပ်​ထား​ပြီး သူ​တို့​အစား ဘုရင်ခံ​တို့​ကို ခန့်ထား​တော်မူ​ပါ​။

Ver Capítulo Copiar

Common Language Bible

24 ယ​ခု​သုံး​ကျိပ်​နှစ်​ပါး​သော​မင်း​တို့​အား​မိ​မိ တို့​တပ်​များ​ကို​မ​အုပ်​ချုပ်​စေ​တော့​ဘဲ သူ​တို့ ၏​နေ​ရာ​တွင်​စစ်​ဗိုလ်​မှူး​များ​ကို​အ​စား​ထိုး ၍​ခန့်​ထား​တော်​မူ​ပါ။-

Ver Capítulo Copiar

Garrad Bible

24 မင်း တို့ ကို ချန် လှပ်၍ သူ တို့ နေ ရာ၌ ဗိုလ် မှူး များ ကို တင် ထား တော် မူ လျက်

Ver Capítulo Copiar

Judson Bible

24 မင်း​ကြီး​အ​ပေါင်း​တို့​ကို​လည်း ပယ်၍ သူ​တို့​အ​ရာ၌ ဗိုလ်​ချုပ်​တို့​ကို​ခန့်​ထား​တော်​မူ​ပါ။

Ver Capítulo Copiar




၃ ရာ 20:24
6 Referencias Cruzadas  

ဆီးရီးယား​ဘုရင်​ဗင်္ဟာဒဒ်​မင်းကြီး​သည် မိမိ​စစ်သည်​အပေါင်း​တို့​ကို စုရုံး​၍ ရှင်ဘုရင်​သုံးဆယ့်​နှစ်​ပါး​အပါအဝင် မြင်းတပ်​၊ ရထားတပ်​တို့​ဖြင့် ချီတက်​လာ​ပြီး ရှမာရိ​မြို့​ကို ဝိုင်းရံ​တိုက်ခိုက်​လေ​၏​။


သူ​တို့​သည် မွန်းတည့်ချိန်​တွင် စစ်ချီလာ​ကြ​၏​။ ထို​အချိန်​တွင် ဗင်္ဟာဒဒ်​မင်းကြီး​နှင့် သူ့​ကို​စစ်ကူ​ပေး​သော​အခြား​ဘုရင်​သုံးဆယ့်​နှစ်​ပါး​တို့​သည် တဲ​များ​၌ စားသောက်​မူးယစ်​နေ​ကြ​၏​။


ဆီးရီးယား​ဘုရင်​၏​အမှုထမ်း​တို့​က ရှင်ဘုရင်​အား “​သူ​တို့​၏​ဘုရား​အများ​သည် တောင်​ကို​ပိုင်​သော​ဘုရား​ဖြစ်​သောကြောင့် အကျွန်ုပ်​တို့​ကို​နိုင်​၏​။ အကယ်၍ လွင်ပြင်​၌​တိုက်​ကြ​မည်​ဆို​လျှင် သူ​တို့​ကို အကျွန်ုပ်​တို့ အမှန်​နိုင်​လိမ့်မည်​။


ဆုံးရှုံး​သွား​ခဲ့​သော​အရာ​များ​အတွက် စစ်သည်​အစား​စစ်သည်​၊ မြင်း​အစား​မြင်း​၊ ရထား​အစား​ရထား အစားထိုး​ဖြည့်ဆည်း​ပေး​တော်မူ​ပါ​။ ပြီးလျှင် သူ​တို့​နှင့် လွင်ပြင်​တွင် တိုက်ခိုက်​ပါ​မည်​။ အကျွန်ုပ်​တို့ အမှန်​နိုင်​ပါ​လိမ့်မည်​”​ဟု လျှောက်တင်​လျှင် ရှင်ဘုရင်​သည် သူ​တို့​စကား​ကို​နားထောင်​ပြီး ထိုအတိုင်း​ပြု​ပေး​၏​။


ဆီးရီးယား​ဘုရင်​သည် မိမိ​၏​စစ်ရထားမှူး​သုံးဆယ့်​နှစ်​ယောက်​အား “​အစ္စရေး​ဘုရင်​မှလွဲ၍ အခြား​ကြီးကြီး​ငယ်ငယ်​တစ်ယောက်​ကို​မျှ မ​တိုက်​ကြ​ပါ​နှင့်​”​ဟု မိန့်မှာ​ထား​၏​။


မည်သည့်​ဉာဏ်ပညာ​၊ ထိုးထွင်းဉာဏ်​၊ အကြံဉာဏ်​မျှ ထာဝရဘုရား​ကို​ဆန့်ကျင်​၍ မ​တည်​နိုင်​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos