၃ ရာ 20:15 - မြန်မာ့စံမီသမ္မာကျမ်း15 ထိုအခါ အာဟပ်မင်းကြီးသည် နယ်မြေခံစစ်သူကြီးတို့၏တပ်သားများကို ရေတွက်ကြည့်ရာ တပ်သားနှစ်ရာသုံးဆယ့်နှစ်ယောက်ရှိသည်ကို တွေ့ရ၏။ ထို့ပြင် အစ္စရေးတပ်သားအားလုံးကိုပါ ရေတွက်ကြည့်ရာ အားလုံးပေါင်း အယောက်ခုနစ်ထောင်ရှိ၏။ Ver CapítuloCommon Language Bible15 သို့ဖြစ်၍မင်းကြီးသည် နယ်မြေတပ်မှူးများ ၏လက်အောက်ရှိစစ်လုလင်စုစုပေါင်းနှစ်ရာ့ သုံးဆယ့်နှစ်ယောက်တို့ကိုခေါ်ပြီးနောက် တပ် သားခုနစ်ထောင်ရှိသောဣသရေလတပ်မ တော်ကိုစုရုံးစေတော်မူ၏။ Ver CapítuloGarrad Bible15 ဘု ရား မင်း တည်း ဟု ဆင့် ဆို သည် နှင့် အ ညီ အာ ဟပ် မင်း သည် အ ဝေး ဝန် တို့၏ အ စေ အ ပါ နှစ် ရာ့ သုံး ကျိပ် နှစ် ယောက် တို့ ကို စု ရုံး ပြီး မှ ဣ သ ရေ လ အ မျိုး ရှိ ရဲ မက် ပေါင်း ခု နစ် ထောင် တို့ ကို လည်း စု ဝေး စေ ၏။ Ver CapítuloJudson Bible15 အာဟပ်မင်းသည် မြို့ဝန်များ၏ လုလင်တို့ကို ရေတွက်၍ နှစ်ရာသုံးဆယ်နှစ်ယောက်ရှိ၏။ ဣသရေလအမျိုးသားအပေါင်းတို့ကို ရေတွက်ပြန်သော် ခုနစ်ထောင်ရှိ၏။ Ver Capítulo |
ထိုအခါ အာဟပ်မင်းကြီးက “မည်သူ့အားဖြင့်နည်း”ဟု မေးလျှင် ပရောဖက်ကလည်း “ထာဝရဘုရားက ‘နယ်မြေခံစစ်သူကြီးတို့၏တပ်သားများအားဖြင့် ဖြစ်မည်’ဟူ၍ မိန့်တော်မူပါ၏”ဟု ဆင့်ဆို၏။ အာဟပ်မင်းကြီးကလည်း “မည်သူက စတင်တိုက်ပွဲဝင်ရမည်နည်း”ဟု မေးလျှင် ပရောဖက်က “အရှင်မင်းကြီး ဖြစ်၏”ဟု ပြန်ဖြေ၏။
ထို့နောက် အာသမင်းကြီးသည် ဘုရားသခင်ထာဝရဘုရားထံ အော်ဟစ်လျက် “အို ထာဝရဘုရား၊ အားကြီးသူကိုတွန်းလှန်နိုင်ရန် အားနည်းသူကို ကူညီနိုင်သောအရှင်သည် ကိုယ်တော်မှလွဲ၍ မရှိပါ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ကယ်မတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တို့ ကိုးစားပါ၏။ အကျွန်ုပ်တို့သည် ဤလူအလုံးအရင်းကြီးကိုတိုက်ခိုက်ရန် ကိုယ်တော်၏နာမတော်ကိုစွဲကိုင်လျက် လာပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူပါ၏။ ဤလူတို့သည် ကိုယ်တော်ကို အနိုင်မရပါစေနှင့်”ဟု ဆုတောင်းလေ၏။