၃ ရာ 2:29 - မြန်မာ့စံမီသမ္မာကျမ်း29 ထိုသို့ “ယွာဘသည် တဲတော်သို့ပြေး၍ ယဇ်ပလ္လင်နားတွင် ရှိနေပါ၏”ဟူသော သတင်းကို ရှောလမုန်မင်းကြီးအား ကြားလျှောက်လျှင် ရှောလမုန်မင်းကြီးက ယောယဒ၏သား ဗေနာယအား “သူ့ကို သွားသတ်လော့”ဟု အမိန့်ပေးလေ၏။ Ver CapítuloCommon Language Bible29 သူသည်အဒေါနိယစံတော်မူရာတဲတော် သို့ထွက်ပြေးပြီးလျှင် ယဇ်ပလ္လင်အနီးတွင် ရပ်လျက်နေကြောင်းသတင်းရရှိသောအခါ ရှောလမုန်မင်းသည်ယွာဘအားအဘယ် ကြောင့်ယဇ်ပလ္လင်သို့ထွက်ပြေးရသည်ကိုလူ လွှတ်၍မေးတော်မူ၏။ ထိုအခါယွာဘက မိမိသည်ရှောလမုန်ကိုကြောက်သဖြင့် ထာ ဝရဘုရားထံတော်သို့ထွက်ပြေးရခြင်း ဖြစ်ကြောင်းပြန်ကြားလျှောက်ထားလေသည်။ ထို့ကြောင့်ရှောလမုန်မင်းသည်ဗေနာယ ကိုစေလွှတ်၍ယွာဘအားကွပ်မျက်စေ တော်မူ၏။- Ver CapítuloGarrad Bible29 ထာ ဝ ရ ဘု ရား ၏ တဲ တော် သို့ ယွာ ဘ ပြေး ဝင် လျက် ပူ ဇော် ရာ ပ လ္လင် တော် အ နီး တွင် ခို နေ ပါ သည် ဟု ရှော လ မုန် မင်း အား တင် လျှောက် ကြ သော အ ခါ ယွာ ဘ ကို လည်း ကွပ် မျက် လော့ ဟူ သော အ မိန့် နှင့် ယော ယ ဒ သား ဗေ နာ ယ ကို လွှတ် လိုက် သည့် အ တိုင်း Ver CapítuloJudson Bible29 ယွာဘသည် ထာဝရဘုရား၏တဲတော်သို့ပြေးပါပြီ။ ယဇ်ပလ္လင် အနားမှာရှိပါသည်ဟု ရှောလမုန်မင်းကြီးအား လျှောက်သောအခါ၊ ယွာဘကို လုပ်ကြံလော့ဟု ယောယဒသားဗေနာယကို စေလွှတ်တော်မူ၏။ Ver Capítulo |