၃ ရာ 2:22 - မြန်မာ့စံမီသမ္မာကျမ်း22 ရှောလမုန်မင်းကြီးက မယ်တော်အား “မယ်တော်၊ အဘယ်ကြောင့် အဒေါနိယအဖို့ ရှုနင်မြို့သူအဘိရှက်ကိုသာ တောင်းပေးရသနည်း။ သူသည် အကျွန်ုပ်ထက်အကြီး၊ အကျွန်ုပ်၏နောင်တော်ဖြစ်သည်ဖြစ်၍ သူ့အဖို့ နိုင်ငံတော်ကိုပါ တောင်းပေးပါလော့။ သူ့အဖို့သာမက ယဇ်ပုရောဟိတ်အဗျာသာ၊ ဇေရုယာ၏သားယွာဘတို့အတွက်ပါ တောင်းပေးပါတော့လား”ဟု မိန့်ဆိုလေ၏။ Ver CapítuloCommon Language Bible22 မင်းကြီးက``မယ်တော်သည်အဘယ်ကြောင့် သူ၏အတွက် အဘိရှက်ကိုသာလျှင်တောင်း ပါသနည်း။ ထီးနန်းကိုပါတောင်းခံပါလော့။ အမှန်ကိုဆိုရလျှင်သူသည်အကျွန်ုပ်၏ နောင်တော်ဖြစ်၍ အဗျာသာနှင့်ယွာဘတို့ သည်လည်းသူ၏ဘက်တော်သားများဖြစ် ကြပါသည်'' ဟုမိန့်တော်မူ၏။- Ver CapítuloGarrad Bible22 ရှော လ မုန် မင်း က၊ အ ဒေါ နိ ယ အ ဖို့ ရှု နင် မြို့ သူ အ ဘိ ရှက် ကို သာ အ ဘယ် ကြောင့် တောင်း သ နည်း။ နောင် တော် ဖြစ် သူ အ ဒေါ နိ ယ မှ စ၍ ပ ရော ဟိတ် အ ဗျာ သာ ဇေ ရု ယာ့ သား ယွာ ဘ တို့ အ ဖို့ နိုင် ငံ တော် ကို ပင် တောင်း ပါ ဦး ဟု ပြန် ဆို ပြီး မှ Ver CapítuloJudson Bible22 ရှောလမုန်မင်းကြီးက၊ အဒေါနိယအဖို့ ရှုနင်မြို့သူ အဘိရှက်ကိုသာ အဘယ်ကြောင့်တောင်းရသနည်း။ နိုင်ငံတော်ကိုလည်း သူအဖို့တောင်းပါလော့။ သူသည် ကျွန်ုပ်နောင်တော်ဖြစ်၏။ သူနှင့် ယဇ်ပုရောဟိတ်အဗျာသာ၊ ဇေရုယာ၏သားယွာဘအဖို့ တောင်းပါလော့ဟု မယ်တော်အားပြန်ပြောပြီးမှ၊ Ver Capítulo |