၃ ရာ 2:15 - မြန်မာ့စံမီသမ္မာကျမ်း15 ထိုအခါ အဒေါနိယက “အစ္စရေးလူမျိုးအပေါင်းတို့သည် အကျွန်ုပ်ကို ရှင်ဘုရင်အဖြစ်လက်ခံ၍ ဤနိုင်ငံတော်ကို အကျွန်ုပ်ပိုင်ကြောင်း မယ်တော်သိပါ၏။ သို့သော် နိုင်ငံတော်သည် အကျွန်ုပ်လက်မှလွတ်၍ ညီတော်ထံ ရောက်သွားလေပြီ။ အကယ်စင်စစ် ထာဝရဘုရားသည် သူ့ထံသို့ ရောက်စေတော်မူပြီ။ Ver CapítuloCommon Language Bible15 အဒေါနိယက``အကျွန်ုပ်သည်ဘုရင်ဖြစ် သင့်သည်။ ယင်းသို့ဖြစ်လိမ့်မည်ဟုလည်း ဣသရေလအမျိုးသားတိုင်းမျှော်လင့်ခဲ့ သည်ကိုမယ်တော်သိပါ၏။ သို့ရာတွင် ထာဝရဘုရား၏အလိုတော်အရ အကျွန်ုပ် သည်ဘုရင်မဖြစ်ဘဲအကျွန်ုပ်၏ညီတော် ကဘုရင်ဖြစ်လာပါ၏။- Ver CapítuloGarrad Bible15 အ ဒေါ နိ ယ က လည်း နိုင် ငံ တော် သည် ကျွန် တော့် ပိုင် ရာ ဖြစ် သည့် အ တိုင်း ကျွန် တော် မင်း ပြု မည် ဟု ဣ သ ရေ လ တစ် မျိုး လုံး မျှော် လင့် ခဲ့ ကြ သည် ကို မယ် တော် သိ ပါ ၏။ သို့ ရာ တွင် ထာ ဝ ရ ဘု ရား စီ ရင် တော် မူ သည် နှင့် အ ညီ နိုင် ငံ တော် သည် လက် ပြောင်း လျက် ညီ တော် ပိုင် ဖြစ် လေ ပြီ။ Ver CapítuloJudson Bible15 အဒေါနိယကလည်း၊ နိုင်ငံတော်သည် ကျွန်ုပ်လက်သို့ ရောက်သည်ကိုလည်းကောင်း၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် ကျွန်ုပ်ကို ရှင်ဘုရင်အဖြစ်၌ ချီးမြှောက်ချင်သည်အကြောင်းကိုလည်းကောင်း မယ်တော်သိပါ၏။ သို့သော်လည်း နိုင်ငံတော်သည် ကျွန်ုပ်လက်မှလွဲ၍ ညီတော်လက်သို့ ရောက်ပါပြီ။ ထိုသို့ ထာဝရဘုရားအလိုတော်ရှိ၏။ Ver Capítulo |
ရှောလမုန်မင်းကြီးက မယ်တော်အား “မယ်တော်၊ အဘယ်ကြောင့် အဒေါနိယအဖို့ ရှုနင်မြို့သူအဘိရှက်ကိုသာ တောင်းပေးရသနည်း။ သူသည် အကျွန်ုပ်ထက်အကြီး၊ အကျွန်ုပ်၏နောင်တော်ဖြစ်သည်ဖြစ်၍ သူ့အဖို့ နိုင်ငံတော်ကိုပါ တောင်းပေးပါလော့။ သူ့အဖို့သာမက ယဇ်ပုရောဟိတ်အဗျာသာ၊ ဇေရုယာ၏သားယွာဘတို့အတွက်ပါ တောင်းပေးပါတော့လား”ဟု မိန့်ဆိုလေ၏။