၃ ရာ 19:2 - မြန်မာ့စံမီသမ္မာကျမ်း2 ယေဇဗေလသည် ဧလိယထံ တမန်ကိုစေလွှတ်၍ “မနက်ဖြန် ယခုလိုအချိန်တွင် သင့်အသက်ကို ထိုပရောဖက်တို့၏အသက်ကဲ့သို့ မဖြစ်စေလျှင် ဘုရားအများတို့သည် ငါ့ကို ထိုထက်မက ပြုပါစေသော”ဟု ဆိုစေ၏။ Ver CapítuloCommon Language Bible2 ယေဇဗေလသည်ဧလိယအား``အကယ်၍ ငါသည်နက်ဖြန်ဤအချိန်ရောက်မှ ပရောဖက် တို့အားသင်ပြုခဲ့သည့်အတိုင်းသင့်အားမပြု ပါမူ ဘုရားတို့သည်ငါ့ကိုအဆုံးစီရင်ကြ ပါစေသော'' ဟုလူလွှတ်၍ပြောကြားစေ၏။- Ver CapítuloGarrad Bible2 ယေ ဇ ဗေ လ သည် ခြေ လျင် စေ၍ နက် ဖြန် ယ ခု အ ချိန် ရောက် သော် ထို ပ ရော ဖက် တို့ အ သက် ကဲ့ သို့ သင့် အ သက် ကို ငါ မ ဖြစ် စေ လျှင် ဘု ရား များ တို့ သည် ငါ့ အ ပေါ် တွင် သာ၍ အ ပြစ် စီ ရင် ပါ စေ သော ဟု ဧ လိ ယ ထံ အ မှာ တော် ရောက် သည် နှင့် Ver CapítuloJudson Bible2 ယေဇဗေလက၊ နက်ဖြန်နေ့ ယခုအချိန်ရောက်မှ၊ သင့်အသက်သည် ထိုပရောဖက်တို့၏ အသက်ကဲ့သို့ ငါမဖြစ်စေလျှင်၊ ဘုရားတို့သည် ငါ၌ထိုမျှမကပြုပါစေသောဟု တမန်ကို ဧလိယထံသို့စေလွှတ်၍ ကြားလိုက်၏။ Ver Capítulo |
အကြောင်းမူကား လူအများတို့က “ပတ်ပတ်လည်၌ ကြောက်လန့်စရာရှိ၏။ သတင်းပို့ကြစို့။ ငါတို့သတင်းပို့ကြစို့”ဟူ၍ တီးတိုးပြောသံကိုသာ ငါကြားရ၏။ အကျွန်ုပ်၏မိတ်ဆွေရင်းချာအပေါင်းတို့လည်း အကျွန်ုပ်ပြိုလဲသည်ကို စောင့်ကြည့်၍ “သူ့ကို လှည့်စား၍ ရကောင်းရနိုင်လိမ့်မည်။ သူ့ကို အနိုင်ယူမည်။ လက်တုံ့ပြန်မည်”ဟု ဆိုကြ၏။
ယခု သင်တို့သည် တံပိုး၊ ပလွေ၊ ဒုံမင်း၊ စောင်းကောက်၊ စောင်းပြား၊ အိတ်ပလွေမှစ၍ တူရိယာအမျိုးမျိုးတို့တီးမှုတ်သံကိုကြားလျှင် ငါတည်ထားသောရုပ်တုကို ပျပ်ဝပ်ရှိခိုးရန် အသင့်ရှိရမည်။ သင်တို့မရှိခိုးပါက မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ချက်ချင်းပစ်ချခြင်းခံရမည်။ သင်တို့ကို ငါ့လက်မှ မည်သည့်ဘုရားက ကယ်တင်မည်နည်း”ဟု မိန့်တော်မူ၏။