၃ ရာ 18:18 - မြန်မာ့စံမီသမ္မာကျမ်း18 ဧလိယက “အစ္စရေးလူမျိုးကို ဒုက္ခပေးသူမှာ ငါမဟုတ်။ ထာဝရဘုရား၏ပညတ်ချက်တို့ကို စွန့်ပယ်ပြီး ဗာလဘုရားနောက်သို့လိုက်သော သင်နှင့်သင့်ဘိုးဘေးတို့၏အမျိုးအနွယ်များပင် ဖြစ်၏။ Ver CapítuloCommon Language Bible18 ဧလိယက``ဒုက္ခပေးသူမှာငါမဟုတ်။ ဒုက္ခပေး သူများမှာသင်နှင့်သင်၏ခမည်းတော်သာလျှင် ဖြစ်ပါသည်။ သင်သည်ထာဝရဘုရား၏ပညတ် တော်တို့ကိုလွန်ဆန်၍ ဗာလဘုရား၏ရုပ်တု များကိုရှိခိုးဝတ်ပြုလျက်နေပေသည်။- Ver CapítuloGarrad Bible18 ဣ သ ရေ လ အ မျိုး ကို ငါ မ နှောင့် ရှက်။ သင် နှင့် သင့် ဆွေ မျိုး သား ချင်း တို့ သာ ထာ ဝ ရ ဘု ရား၏ ပ ညတ် တော် များ ကို စွန့် လျက် ဗာ လ နတ် တို့ နောက် သို့ လိုက်၍ ဣ သ ရေ လ အ မျိုး ကို နှောင့် ရှက် ကြ ပြီ။ Ver CapítuloJudson Bible18 ဧလိယက၊ ငါသည် ဣသရေလအမျိုးကိုမနှောင့်ယှက်၊ သင်နှင့် သင့်အဆွေအမျိုးတို့သည် ထာဝရဘုရား၏ပညတ်တရားကိုစွန့်၍ ဗာလဘုရားတို့ကိုဆည်းကပ်သဖြင့်၊ ဣသရေလအမျိုးကို နှောင့်ယှက်ကြပြီ။ Ver Capítulo |
ထိုအခါ လူတို့က ‘သူတို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာခဲ့သော သူတို့၏ဘုရားသခင်ထာဝရဘုရားကို သူတို့စွန့်ပယ်၍ အခြားသောဘုရားတို့ကို ဆည်းကပ်လျက် ပျပ်ဝပ်ကိုးကွယ်ကြသောကြောင့် ထာဝရဘုရားသည် သူတို့အား ဤဘေးအန္တရာယ်အပေါင်းနှင့် ကြုံတွေ့စေတော်မူပြီ’ဟူ၍ ပြန်ပြောကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သူသည် အာသမင်းကြီးထံသွားကာ “အို အာသမင်းကြီးနှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ သင်တို့သည် ထာဝရဘုရားနှင့်အတူရှိလျှင် ထာဝရဘုရားသည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပစ်လျှင် ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပစ်တော်မူမည်။
သင်၏မကောင်းမှုသည် သင့်ကိုအပြစ်ဒဏ်ပေးလိမ့်မည်။ သင်၏လမ်းလွဲဖောက်ပြန်မှုသည် သင့်ကိုဆုံးမလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ခြင်း၊ ငါ့ကို မကြောက်ရွံ့ခြင်းသည် ဆိုးသောအမှု၊ ခါးသီးသောအမှုဖြစ်သည်ကို သိမှတ်လော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
ထာဝရဘုရားက မောရှေအား “ကြည့်ရှုလော့။ သင်၏ဘိုးဘေးတို့နှင့်အတူ သင်အိပ်ပျော်ပြီးနောက်တွင် ဤလူမျိုးတို့သည် သူတို့ဝင်ရောက်မည့်ပြည်ရှိတိုင်းတစ်ပါးသားတို့၏ဘုရားများနှင့် ထ၍ဖောက်ပြန်မှားယွင်းကြမည်။ ငါကိုစွန့်ပယ်ကြမည်။ သူတို့နှင့်ငါဖွဲ့ခဲ့သော ပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။