၃ ရာ 16:34 - မြန်မာ့စံမီသမ္မာကျမ်း34 အာဟပ်မင်းကြီးလက်ထက်တွင် ဗေသလမြို့သား ဟိဧလသည် ဂျေရိခေါမြို့ကို ပြန်လည်တည်ဆောက်၏။ နုန်၏သားယောရှုအားဖြင့် ထာဝရဘုရားမိန့်မှာထားတော်မူခဲ့သည့်အတိုင်း မြို့တော်အုတ်မြစ်ချချိန်တွင် သားဦးအဘိရံကို စတေးခဲ့ရပြီး မြို့တံခါးတည်ဆောက်ချိန်တွင် သားထွေးစေဂုပ်ကို စတေးခဲ့ရ၏။ Ver CapítuloCommon Language Bible34 သူနန်းစံနေစဉ်အတွင်းဗေသလမြို့သား ဟိဧလသည် ယေရိခေါမြို့ကိုပြန်လည်တည် ထောင်လေသည်။ နုန်၏သားယောရှုအားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကားနှင့် အညီ ဟိဧလသည်ယေရိခေါမြို့ကိုအုတ် မြစ်ချချိန်၌မိမိ၏သားဦးအဘိရံကို လည်းကောင်း၊ မြို့တံခါးများတည်ဆောက် ချိန်၌သားထွေးစေဂုပ်ကိုလည်းကောင်း ဆုံးရှုံးရလေသည်။ Ver CapítuloGarrad Bible34 အာ ဟပ် မင်း လက် ထက် ဗေ သ လ မြို့ နေ ဟိ ဧ လ သည် ယေ ရိ ခေါ မြို့ ကို တည် ပြန် ရာ နုန့် သား ယော ရှု အား ဖြင့် ထာ ဝ ရ ဘု ရား ထား တော် မူ ခဲ့ သော ဗျာ ဒိတ် တော် အ တိုင်း မြို့ အ တည် တွင် သား ဦး အ ဘိ ရံ၊ တံ ခါး ရွက် အ တပ် တွင် သား ထွေး စေ လုပ် သေ လေ ၏။ Ver CapítuloJudson Bible34 အာဟပ်လက်ထပ်၌ ဗေသလမြို့သားဟိဧလသည် ယေရိခေါမြို့ကိုတည်၏။ ထာဝရဘုရားသည် နုန်၏သားယောရှုအားဖြင့် မိန့်တော်မူသောစကားနှင့်အညီ၊ သားဦးအဘိရံလက်ထက်၌ မြို့ရိုးအမြစ်ကိုတည်၍၊ သားထွေးစေရပ်လက်ထက်၌ မြို့တံခါးတို့ကိုထောင်၏။ Ver Capítulo |