၃ ရာ 15:23 - မြန်မာ့စံမီသမ္မာကျမ်း23 ကျန်ရှိနေသော အာသမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ဘုန်းတန်ခိုးကြီးခဲ့ပုံများ၊ သူပြုခဲ့သမျှသောအရာများ၊ တည်ဆောက်ခဲ့သောမြို့များအကြောင်း စသည်တို့ကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။ သူသည် အိုမင်းချိန်ရောက်သောအခါ ခြေထောက်တွင် အနာဖြစ်၏။ Ver CapítuloCommon Language Bible23 အာသမင်းဆောင်ရွက်တော်မူခဲ့သည့် အခြား အမှုအရာရှိသမျှနှင့်သူ၏စွန့်စားခန်းများ၊ မြို့များကိုတံတိုင်းကာရံပုံအကြောင်းများကို ယုဒရာဇဝင်တွင်ရေးထားသတည်း။ သူသည် အိုမင်းချိန်တွင်အနာရောဂါစွဲသဖြင့်၊- Ver CapítuloGarrad Bible23 အာ သ မင်း ပြု မူ စီ ရင် သ မျှ အ ကြွင်း အ ကျန် နှင့် လက် ရုံး ရည် ရှိ သ မျှ၊ တည် ထောင် သော မြို့ များ ပါ ယု ဒ ရာ ဇ ဝင်၌ ရေး ထား လျက် ရှိ၏။ အို မင်း သော အ ခါ မှာ မူ ခြေ တော် တွင် အ နာ ရောက် လေ၏။ Ver CapítuloJudson Bible23 အာသမင်းပြုမူသော အမှုအရာကြွင်းသမျှနှင့် တန်ခိုးကြီးခြင်း၊ မြို့များကိုတည်ခြင်းအရာတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ သို့ရာတွင် အသက်ကြီးသောအခါ ခြေတော်၌အနာရောဂါစွဲသဖြင့်၊ Ver Capítulo |
အာသမင်းကြီးက ယုဒလူမျိုးတို့အား “ဤမြို့တို့ကို ငါတို့ တည်ဆောက်ကြစို့။ မြို့ကိုဝိုင်းရံထားသောမြို့ရိုး၊ ရဲတိုက်များ၊ တံခါးများနှင့် ကန့်လန့်ကျင်များကို ဆောက်လုပ်ကြစို့။ ငါတို့သည် ငါတို့၏ဘုရားသခင်ထာဝရဘုရားကိုရှာသောကြောင့် တိုင်းပြည်သည် ငါတို့ လက်ထဲ၌ရှိလေပြီ။ ကိုယ်တော်ကို ရှာသောကြောင့် ငါတို့ဝန်းကျင်၌ ငြိမ်းချမ်းခြင်းကို ပေးတော်မူပြီ”ဟု မိန့်ဆို၏။ ဤသို့ဖြင့် မြို့များကိုတည်ဆောက်အောင်မြင်လေ၏။
အကျွန်ုပ်တို့၏အသက်တာနှစ်ကာလသည် အနှစ်ခုနစ်ဆယ်ဖြစ်ပါ၏။ ကျန်းမာသန်စွမ်းလျှင် အနှစ်ရှစ်ဆယ်ဖြစ်နိုင်ပါ၏။ သို့သော် ထိုနှစ်ကာလတို့၏အကောင်းဆုံးအချိန်မှာပင် အခက်အခဲပြဿနာနှင့် ဆင်းရဲဒုက္ခမျှသာဖြစ်ပါ၏။ အကယ်စင်စစ် အချိန်တို့သည် လျင်မြန်စွာကုန်လွန်၍ အကျွန်ုပ်တို့သည် အဝေးသို့ပျံသန်းသွားကြပါ၏။