၃ ရာ 15:20 - မြန်မာ့စံမီသမ္မာကျမ်း20 ဗင်္ဟာဒဒ်မင်းကြီးသည် အာသမင်းကြီး၏စကားကိုလက်ခံပြီး မိမိတပ်မှူးကြီးများကို အစ္စရေးမြို့များသို့စေလွှတ်၍ ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလဗက်မာခါမြို့မှစ၍ ဂင်နေသရက်နယ်တစ်နယ်လုံးနှင့် နဿလိနယ်တစ်နယ်လုံးကို သွားရောက်တိုက်ခိုက်စေ၏။ Ver CapítuloCommon Language Bible20 ဗင်္ဟာဒဒ်မင်းသည် အာသအကြံပေးသည့်အတိုင်း ဆောင်ရွက်ရန်သဘောတူသဖြင့် မိမိ၏တပ်မှူး များနှင့်စစ်သည်တော်တို့ကိုစေလွှတ်၍ဣသရေလ မြို့များကိုတိုက်ခိုက်စေတော်မူ၏။ သူတို့သည် နဿလိနယ်မြေတစ်ခုလုံးအပြင်ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလဗက်မာခါမြို့နှင့်ဂင်္နေသရက် နယ်တို့ကိုသိမ်းဆည်းကြ၏။- Ver CapítuloGarrad Bible20 ဗ င်္ဟာ ဒဒ် မင်း လိုက် နာ လျက် ဣ သ ရေ လ မြို့ ရွာ များ သို့ တပ် ဗိုလ် တို့ ကို ချီ တက် စေ သည့် အ တိုင်း ဣ ယုန်၊ ဒန်၊ အာ ဗေ လ၊ ဗက် မာ ခါ မြို့ များ မှ စ၍ ဂ င်္နေ သ ရက် ချိုင့် တစ် ဝှမ်း လုံး နှင့် နဿ လိ တစ် နယ် လုံး ကို လုပ် ကြံ ကြ ၏။ Ver CapítuloJudson Bible20 အာသမင်းကြီး၏စကားကို ဗင်္ဟာဒဒ်သည် နားထောင်၍၊ ဣသရေလမြို့ရွာတို့ကို စစ်ချီစေခြင်းငှာ မိမိဗိုလ်များကို စေလွှတ်သဖြင့်၊ သူတို့သည် ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလဗက်မာခါမြို့မှစ၍ ဂင်္နေသရက်ပြည်လုံး၊ နဿလိပြည်လုံးကို လုပ်ကြံကြ၏။ Ver Capítulo |
ဗင်္ဟာဒဒ်မင်းကြီးက အာဟပ်မင်းကြီးအား “သင့်ခမည်းတော်ထံမှ အကျွန်ုပ်ခမည်းတော်သိမ်းယူခဲ့သောမြို့များကို သင့်အား ပြန်ပေးပါမည်။ အကျွန်ုပ်ခမည်းတော်သည် ရှမာရိမြို့တွင် ဈေးတည်သကဲ့သို့ သင်လည်း ဒမတ်စကပ်မြို့တွင် ဈေးတည်ပါ”ဟု ဆို၏။ အာဟပ်မင်းကြီးကလည်း “ဤကတိသစ္စာကြောင့် သင့်ကို ငါလွှတ်ပေးမည်”ဟု ဆိုကာ ဗင်္ဟာဒဒ်မင်းကြီးနှင့် ကတိသစ္စာပြုပြီး သူ့ကို လွှတ်လိုက်လေ၏။
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။