၃ ရာ 14:15 - မြန်မာ့စံမီသမ္မာကျမ်း15 အစ္စရေးလူမျိုးသည် အာရှရနတ်ဘုရားမတံခွန်တိုင်များကို ပြုလုပ်ပြီး ထာဝရဘုရားကိုအမျက်ထွက်စေသောကြောင့် ထာဝရဘုရားသည် သူတို့ကို ရေထဲ၌လှုပ်ခါယမ်းသောကျူပင်ကဲ့သို့ လှုပ်ခါယမ်းစေမည်။ ဘိုးဘေးတို့အားပေးတော်မူသည့် ဤသာယာဝပြောသောပြည်ထဲမှ အစ္စရေးလူမျိုးတို့ကို ထုတ်ပစ်၍ ယူဖရေးတီးမြစ်တစ်ဖက်ကမ်းသို့ ကွဲလွင့်သွားစေမည်။ Ver CapítuloCommon Language Bible15 ထာဝရဘုရားဒဏ်ခတ်တော်မူသဖြင့် ဣသရေလ ပြည်သည်ချောင်းငယ်တွင်တုန်လှုပ်လျက်နေသော ကူပင်သဖွယ်တုန်လှုပ်သွားလိမ့်မည်။ ဣသရေလ အမျိုးသားတို့သည်ဘိုးဘေးများအားကိုယ်တော် ပေးအပ်တော်မူခဲ့သည့် ဤသာယာသောပြည်တော် မှနုတ်ပယ်ခြင်းကိုခံရကာဥဖရတ်မြစ်တစ် ဖက်ကမ်းသို့ကွဲလွင့်သွားကြလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်သူတို့သည်အာရှရဘုရားမ ရုပ်များကိုပြုလုပ်လျက်ကိုယ်တော်၏အမျက် တော်ကိုလှုံ့ဆော်ကြသောကြောင့်ဖြစ်၏။- Ver CapítuloGarrad Bible15 ယ ခု ပင် တည်း။ ထာ ဝ ရ ဘု ရား အ မျက် တော် တိုက် တံ ခွန် တိုင် များ ကို စိုက် ထူ သော ဣ သ ရေ လ လူ မျိုး အား ရေ ၌ ကျူ ပင် လှုပ် ရှား သ ကဲ့ သို့ ဒဏ် ခတ် တော် မူ၍ ဘိုး ဘေး တို့ အား ပေး တော် မူ ခဲ့ သော ပြည် ကောင်း မှ မြစ် ကြီး တစ် ဘက် သို့ ကွဲ လွင့် စေ တော် မူ မည်။ Ver CapítuloJudson Bible15 အာရှရပင်တို့ကို ပြုစု၍ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ကြသောကြောင့်၊ ကျူပင်ကို ရေ၌လှုပ်ရှားသကဲ့သို့ ထာဝရဘုရားသည် ဣသရေလအမျိုးကို ဒဏ်ခတ်၍၊ ဘိုးဘေးတို့အားပေးတော်မူသော ဤပြည်ကောင်းမှ နုတ်ပယ်ပြီးလျှင်၊ မြစ်ကြီးတစ်ဖက်၌ အရပ်ရပ်သို့ ကွဲပြားစေတော်မူမည်။ Ver Capítulo |
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။