၃ ရာ 13:21 - မြန်မာ့စံမီသမ္မာကျမ်း21 သူသည် ယုဒပြည်မှလာသောဘုရားသခင်၏လူအား “ထာဝရဘုရားက ‘သင်သည် ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ဖီဆန်ပြီ။ သင်၏ဘုရားသခင်ထာဝရဘုရား မိန့်မှာသောစကားတော်ကို မလိုက်နာဘဲ Ver CapítuloCommon Language Bible21-22 ယုဒပရောဖက်အား``ထာဝရဘုရားကသင်သည် ငါ၏စကားတော်ကိုမနာခံ။ ငါ၏အမိန့်တော် အတိုင်းမဆောင်ရွက်။ အစားအစာမစားရန်ငါ မှာကြားသော်လည်း ဤအရပ်သို့ပြန်လာကာစား သောက်သည်ဖြစ်သောကြောင့်အသတ်ခံရလိမ့်မည်။ သင်၏အလောင်းကိုဘိုးဘေးတို့သင်္ချိုင်းတွင် သင်္ဂြိုဟ်ရလိမ့်မည်ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို၏။ Ver CapítuloGarrad Bible21-22 သင် သည် အာ ဟာ ရ နှင့် ရေ ကို မ စား မ သောက် ရ ဟူ သော သင့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ပ ညတ် တော် အ တိုင်း မ စောင့် ရှောက် ဘဲ ကန့် ကွက် တော် မူ ရာ အ ရပ်၌ အာ ဟာ ရ နှင့် ရေ ကို ပြန် လာ စား သောက် လျက် ထာ ဝ ရ ဘု ရား၏ အ မိန့် တော် ကို ဖီ ဆန် သည့် အ တွက် သင့် အ လောင်း သည် ဘိုး ဘေး တို့ သင်္ချိုင်း သို့ မ ရောက် ရ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ယု ဒ ပြည် မှ လာ သူ ဘု ရား သ ခင့် လူ ယုံ တော် အား ကြွေး ကြော် လေ ၏။ Ver CapítuloJudson Bible21 ယုဒပြည်မှလာသော ဘုရားသခင်၏လူအား၊ သင်သည် ထာဝရဘုရား၏နှုတ်တော်ထွက်ကို နားမထောင်၊ သင်၏ ဘုရားသခင်ထာဝရဘုရား ထားတော်မူသော ပညတ်တော်ကိုမစောင့်၊ Ver Capítulo |
ထို့ကြောင့် ဂဒ်သည် ဒါဝိဒ်မင်းကြီးထံသို့သွား၍ “အရှင်မင်းကြီး၏တိုင်းပြည်တွင် ငတ်မွတ်ခေါင်းပါးခြင်းဘေး ခုနစ်နှစ် ဖြစ်စေရမည်လော။ သို့မဟုတ် ရန်သူလိုက်သဖြင့် အရှင်မင်းကြီးကို သုံးလပတ်လုံးထွက်ပြေးစေရမည်လော။ သို့မဟုတ် တိုင်းပြည်တွင် သုံးရက်ပတ်လုံးကပ်ရောဂါဘေး ကျရောက်စေရမည်လော။ အကျွန်ုပ်ကို စေလွှတ်သောအရှင်အား မည်သည့်အဖြေပြန်ပေးရမည်ကို ယခု စဉ်းစားဆုံးဖြတ်ပါလော့”ဟု လျှောက်တင်၏။
ထို့နောက် ဟာမန်သည် မိမိဇနီးဇေရက်နှင့် မိမိမိတ်ဆွေအပေါင်းတို့အား ဖြစ်ပျက်ခဲ့သမျှတို့ကို ပြောပြရာ သူ့ဇနီးဇေရက်နှင့် သူ့ကို အကြံပေးသူတို့က “ယခု သင်သည် မော်ဒကဲကို စတင်ပြီးရှုံးနိမ့်လေပြီ။ သူသည် ဂျူးလူမျိုးမှန်လျှင် သူ့ကို သင်အနိုင်ရလိမ့်မည်မဟုတ်။ သူ့ကို သင်မုချရှုံးလိမ့်မည်”ဟု ပြန်ပြောကြ၏။
သင်၏မကောင်းမှုသည် သင့်ကိုအပြစ်ဒဏ်ပေးလိမ့်မည်။ သင်၏လမ်းလွဲဖောက်ပြန်မှုသည် သင့်ကိုဆုံးမလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ခြင်း၊ ငါ့ကို မကြောက်ရွံ့ခြင်းသည် ဆိုးသောအမှု၊ ခါးသီးသောအမှုဖြစ်သည်ကို သိမှတ်လော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။