၃ ရာ 12:24 - မြန်မာ့စံမီသမ္မာကျမ်း24 ထာဝရဘုရားက ‘သင်တို့၏ညီအစ်ကို အစ္စရေးအမျိုးသားတို့အား သွား၍မတိုက်ခိုက်ရ။ ကိုယ့်အိမ်သို့ အသီးသီးပြန်သွားကြလော့။ ဤအမှုသည် ငါပြုသောအမှုဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ လူတို့သည် ထာဝရဘုရားမိန့်တော်မူသည်ကို နာခံ၍ ထာဝရဘုရား၏အမိန့်တော်အတိုင်း အသီးသီး ပြန်သွားကြလေ၏။ Ver CapítuloCommon Language Bible24 ``သင်တို့သည်သင်တို့၏ညီအစ်ကိုများဖြစ် ကြသောဣသရေလပြည်သူတို့ကိုမတိုက် မခိုက်ကြနှင့်။ ယခုဖြစ်ပျက်ခဲ့သောအမှု သည်ငါ၏အလိုတော်အတိုင်းဖြစ်သဖြင့် သင်တို့အားလုံးမိမိတို့နေရပ်သို့ပြန်ကြ လော့'' ဟုထာဝရဘုရားမိန့်တော်မူကြောင်း ဆင့်ဆိုစေတော်မူ၏။ သူတို့အားလုံးသည် လည်းထာဝရဘုရား၏အမိန့်တော်ကို နာခံလျက်မိမိတို့နေရပ်သို့ပြန်သွား ကြ၏။ Ver CapítuloJudson Bible24 သင်တို့ညီအစ်ကိုဖြစ်သော ဣသရေလအမျိုးသားတို့ကို စစ်တိုက်ခြင်းငှာ ချီ၍မသွားကြနှင့်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ ပြန်သွားကြလော့။ ဤအမှုသည် ငါအခွင့်ပေးသောကြောင့်ဖြစ်၏ဟု မိန့်တော်မူသော ထာဝရဘုရား၏စကားတော်ကိုနားထောင်၍ စကားတော်အတိုင်း ပြန်သွားကြ၏။ Ver Capítulo |
ယောရံမင်းကြီးထံ အာခဇိမင်းကြီး သွားရောက်ကြည့်ရှုခြင်းသည် အာခဇိမင်းကြီးပျက်စီးမည့်အကြောင်း ဘုရားသခင် စီရင်ထားခြင်းဖြစ်၏။ သူရောက်သွားသောအခါ သူသည် ယဟောရံမင်းကြီးနှင့်အတူ စစ်ချီသွား၍ အာဟပ်မင်းမျိုးမင်းနွယ်ကို သုတ်သင်ပယ်ရှင်းရန် ထာဝရဘုရား ဘိသိက်ပေးထားသူ နိမ်ရှိ၏မြေးယေဟုကို တိုက်ခိုက်၏။