၃ ရာ 11:26 - မြန်မာ့စံမီသမ္မာကျမ်း26 ထို့ပြင် ဘုရင့်အမှုထမ်းဖြစ်သူ ဧဖရိမ်အမျိုး၊ ဇေရဒမြို့သား၊ နေဗတ်၏သား ယေရောဗောင်သည်လည်း ရှောလမုန်မင်းကြီးကို ပုန်ကန်လေ၏။ သူ၏မိခင်မှာ ဇေရွာ အမည်ရှိသောမုဆိုးမဖြစ်၏။ Ver CapítuloCommon Language Bible26 ရှောလမုန်အားပုန်ကန်သူအခြားလူတစ်ယောက် မှာ ဧဖရိမ်ပြည်၊ ဇေရဒရွာသား၊ နေဗတ်၏သား ယေရောဗောင်ဖြစ်သည်။ သူသည်ရှောလမုန်၏ နန်းတွင်းအရာရှိတစ်ဦးဖြစ်၍ သူ၏မိခင်မှာ ဇေရွာနာမည်ရှိသောမုဆိုးမဖြစ်၏။- Ver CapítuloGarrad Bible26 ထို ပြင် ရှော လ မုန် မင်း ၏ ကျေး ကျွန် ဖြစ် သော ဧ ဖ ရိမ့် အ နွယ်၊ ဇေ ရ ဒ ရွာ နေ၊ နေ ဗတ် သား ယေ ရော ဗောင် သည် ဘု ရင် မင်း တစ် ဘက် လက် ရုံး ထောင် သူ ဖြစ် ၏။ အ မိ ကား ဇေ ရွာ အ မည် ရှိ သော မု ဆိုး မ တည်း။ Ver CapítuloJudson Bible26 ထိုမှတစ်ပါး ရှောလမုန်၏ ကျွန်တစ်ယောက်၊ ဧဖရိမ်အမျိုး၊ ဇေရဒရွာသား၊ နေဗတ်၏သား ယေရောဗောင်သည်လည်း ရှင်ဘုရင်ကိုပုန်ကန်၏။ သူ၏အမိကား၊ ဇေရွာအမည်ရှိသော မုဆိုးမတည်း။ Ver Capítulo |
အမှုကား ထိုသို့မဟုတ်ပါ။ ဧဖရိမ်တောင်ပေါ်ဒေသမှ ဗိခရိ၏သား ရှေဘအမည်ရှိသူသည် ဒါဝိဒ်မင်းကြီးကို ဆန့်ကျင်ပုန်ကန်ပြီ။ သူ့ကိုသာ အပ်ပါ။ ထိုသို့ပြုလျှင် ဤမြို့မှ ငါထွက်ခွာမည်”ဟု ပြန်ပြောသောအခါ ထိုအမျိုးသမီးက ယွာဘအား “စောင့်ကြည့်ပါ။ သူ၏ဦးခေါင်းကို မြို့ရိုးမှတစ်ဆင့် သင့်ထံ ပစ်ချပေးမည်”ဟု ဆို၏။
ဂိလဒ်ပြည်သားတို့သည် ဧဖရိမ်တို့ပိုင်သောဂျော်ဒန်မြစ်ရေတိမ်ပိုင်းတို့ကို သိမ်းပိုက်ပြီးဖြစ်၍ ထိုနေရာသို့ ဧဖရိမ်အမျိုးသားတစ်ယောက်ယောက်က ထွက်ပြေးလာပြီး “အကျွန်ုပ် ဖြတ်ကူးပါရစေ”ဟု ဆိုလျှင် ဂိလဒ်ပြည်သားတို့က “သင်သည် ဧဖရိမ်အမျိုးသားလော”ဟု မေး၍ သူက “မဟုတ်ပါ”ဟု ဖြေလျှင်