၃ ရာ 11:14 - မြန်မာ့စံမီသမ္မာကျမ်း14 ထို့နောက် ထာဝရဘုရားသည် ဧဒုံမင်းမျိုးမင်းနွယ်တစ်ဦးဖြစ်သော ဧဒုံအမျိုးသားဟာဒဒ်ကို နှိုးဆော်၍ ရှောလမုန်မင်းကြီးအား ရန်မူစေ၏။ Ver CapítuloCommon Language Bible14 သို့ဖြစ်၍ထာဝရဘုရားသည် ဧဒုံမင်းမျိုးနွယ် တစ်ဦးဖြစ်သူဟာဒဒ်အား ရှောလမုန်ကိုပုန်ကန် စေတော်မူ၏။- Ver CapítuloGarrad Bible14 ထို အ ခါ ထာ ဝ ရ ဘု ရား သည် ရှော လ မုန် မင်း အား ရန် မူ မည့် သူ၊ ဧ ဒုံ မင်း မျိုး ဟာ ဒဒ် ကို ပေါ် ထွန်း စေ တော် မူ ၏။ Ver CapítuloJudson Bible14 ထိုနောက် ထာဝရဘုရားသည် ရှောလမုန်၌ ရန်ဘက်ပြုသောသူ ဧဒုံအမျိုးသားဟာဒဒ်ကို နှိုးဆော်တော်မူ၏။ ထိုသူသည် ဧဒုံရှင်ဘုရင်အမျိုး ဖြစ်၏။ Ver Capítulo |
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်သည် အဆီးရီးယားဘုရင်ပုလမင်းကြီးတည်းဟူသော အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီး၏စိတ်ကို နှိုးဆော်၍ သူသည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ၏အမျိုးတစ်ဝက်တို့ကို ဖမ်းဆီးခေါ်ဆောင်သွား၏။ သူတို့သည် ဟာလာအရပ်၊ ဟာဗော်အရပ်၊ ဟာရအရပ်၊ ဂေါဇန်အရပ်ရှိမြစ်နားတစ်လျှောက်တို့တွင် ယနေ့တိုင်အောင် နေထိုင်ကြ၏။
အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သခင့်အစေအပါး၏စကားကို ယခု နားထောင်ပါလော့။ အကယ်၍ အကျွန်ုပ်ကို တိုက်ခိုက်ရန် အရှင်မင်းကြီးကို ထာဝရဘုရား နှိုးဆော်သည်မှန်လျှင် ဘောဇဉ်ပူဇော်သက္ကာကို လက်ခံတော်မူပါစေသော။ ထိုသို့မဟုတ်ဘဲ လူတို့၏နှိုးဆော်ခြင်းဖြစ်လျှင် သူတို့သည် ထာဝရဘုရားထံမှ ကျိန်ခြင်းကို ခံရပါစေသော။ အကြောင်းမူကား သူတို့က ‘အခြားဘုရားအများကို သွားဝတ်ပြုပါ’ဟု ဆိုပြီး အကျွန်ုပ်ကို ထာဝရဘုရား၏အမွေစားအမွေခံအဖြစ်မှ နှင်ထုတ်ကြပါပြီ။