၃ ရာ 10:10 - မြန်မာ့စံမီသမ္မာကျမ်း10 ထို့နောက် သူသည် ရှင်ဘုရင်အား ရွှေတာလန်တစ်ရာ့နှစ်ဆယ်၊ မြောက်မြားစွာသောအမွှေးနံ့သာများနှင့် အဖိုးတန်ကျောက်များကို ဆက်သလေ၏။ ရှောလမုန်မင်းကြီးအား ရှေဘဘုရင်မ ဆက်သခဲ့သော များပြားလှသောအမွှေးနံ့သာမျိုး နောက်ထပ် ရောက်မလာတော့ချေ။ Ver CapítuloCommon Language Bible10 ထိုနောက်ရှေဘဘုရင်မသည်ရှောလမုန်အား ရွှေချိန်ငါးတန်နီးပါးကိုလည်းကောင်း၊ နံ့သာ မျိုးအမြောက်အမြားနှင့်ကျောက်မျက်ရတနာ တို့ကိုလည်းကောင်းပေးဆက်တော်မူ၏။ ရှောလမုန် ရရှိဖူးသမျှသောနံ့သာမျိုးတို့အနက်ဘုရင် မပေးဆက်သည့်နံ့သာမျိုး၏ပမာဏမှာ အများဆုံးဖြစ်သတည်း။ Ver CapítuloGarrad Bible10 ရွှေ ချိန် ခွက် သုံး ထောင့် ခြောက် ရာ၊ ကျောက် မျက် နှင့် နံ့ သာ မျိုး၊ အ မြောက် အ မြား ကို ဆက် သွင်း လေ ၏။ ရှော လ မုန် မင်း ထံ ရှေ ဘ ဘု ရင် မ ဆက် သွင်း သော နံ့ သာ မျိုး နှင့် အ မျှ၊ နောက် တစ် ဖန် မ ရောက် ချေ။ Ver CapítuloJudson Bible10 ရွှေအခွက်တစ်ရာနှစ်ဆယ်၊ နံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအား ဆက်သော နံ့သာမျိုးနှင့်အမျှ များပြားသောနံ့သာမျိုးသည် နောက်တစ်ဖန်မရောက်။ Ver Capítulo |