၃ ရာ 1:37 - မြန်မာ့စံမီသမ္မာကျမ်း37 ထာဝရဘုရားသည် အကျွန်ုပ်၏သခင် အရှင်မင်းကြီးနှင့်အတူ ရှိတော်မူသကဲ့သို့ ရှောလမုန်နှင့်လည်း အတူရှိတော်မူပါစေသော။ အကျွန်ုပ်၏သခင် အရှင်မင်းကြီးဒါဝိဒ်၏ရာဇပလ္လင်ထက် သူ၏ရာဇပလ္လင်ကို သာ၍ကြီးမြတ်စေတော်မူပါစေသော”ဟု ပြန်လျှောက်တင်၏။ Ver CapítuloCommon Language Bible37 ထာဝရဘုရားသည်အရှင်မင်းကြီးနှင့် အတူရှိတော်မူခဲ့သည်နည်းတူ ရှောလမုန် နှင့်လည်းအတူရှိတော်မူ၍ သူနန်းစံချိန်၌ အရှင်နန်းစံတော်မူချိန်မှာထက်ပင်ပို၍ ပြည်တော်သာယာဝပြောပါစေသော'' ဟု ပြန်လည်လျှောက်ထား၏။ Ver CapítuloGarrad Bible37 ထာ ဝ ရ ဘု ရား သည် အ ရှင် မင်း မြတ်၌ တည် ရှိ တော် မူ သည့် နည်း တူ ရှော လ မုန် မင်း၌ လည်း တည် ရှိ တော် မူ၍ ကျွန် တော့် အ ရှင် ဒါ ဝိဒ် မင်း မြတ်၏ အာ ဏာ တော် ထက် သား တော်၏ အာ ဏာ တော် ကြီး မြင့် ပါ စေ သော ဟု တင် လျှောက် လေ၏။ Ver CapítuloJudson Bible37 ထာဝရဘုရားသည် အရှင်မင်းကြီးဘက်မှာ ရှိတော်မူသည်နည်းတူ ရှောလမုန်ဘက်မှာ ရှိတော်မူပါစေသော။ အရှင်မင်းကြီးဒါဝိဒ်၏ ရာဇပလ္လင်ထက် သားတော်၏ရာဇပလ္လင်သည် သာ၍ဘုန်းကြီးမည်အကြောင်း စီရင်တော်မူပါစေသောဟု ရှင်ဘုရင်ကို ပြန်လျှောက်လေ၏။ Ver Capítulo |
ဘုရင့်မှူးမတ်တို့သည်လည်း အကျွန်ုပ်တို့၏သခင်ဒါဝိဒ်မင်းကြီးထံသို့လာ၍ ‘ဘုရားသခင်သည် အရှင်မင်းကြီး၏နာမထက် ရှောလမုန်၏နာမကို သာ၍ထင်ရှားစေတော်မူပါစေသော။ အရှင်မင်းကြီး၏ရာဇပလ္လင်ထက် သူ၏ရာဇပလ္လင်ကို သာ၍ကြီးမြတ်စေတော်မူပါစေသော’ဟု ကောင်းချီးထောမနာပြုကြလေပြီ။ အရှင်မင်းကြီးသည်လည်း သလွန်တော်ပေါ်မှ ဦးညွှတ်လျက်
ထို့နောက် ဒါဝိဒ်မင်းကြီးက သားတော်ရှောလမုန်အား “အားယူ၍ရဲရင့်စွာ လုပ်ဆောင်လော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ ငါကိုးကွယ်သောဘုရားသခင်၊ ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏။ ထာဝရဘုရား၏အိမ်တော် ဆောက်လုပ်ခြင်းအမှုအလုံးစုံကို ပြီးစီးသည့်တိုင်အောင် သင့်ကို စွန့်ပစ်တော်မူမည်မဟုတ်။ သင့်ကို ပစ်ပယ်တော်မူမည်မဟုတ်။