၂ သက် 3:1 - မြန်မာ့စံမီသမ္မာကျမ်း1 နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ သခင်ဘုရား၏နှုတ်ကပတ်တော်သည် သင်တို့၌ဖြစ်သကဲ့သို့ လျင်မြန်စွာပျံ့နှံ့၍ ဘုန်းတော်ထင်ရှားမည့်အကြောင်းနှင့် Ver CapítuloCommon Language Bible1 ညီအစ်ကိုတို့၊ နောက်ဆုံးအနေဖြင့်မှာကြား လို၏။ သခင်ဘုရား၏တရားတော်သည်သင် တို့ထံမှာကဲ့သို့အရပ်တကာတွင်လျင်မြန် စွာပျံ့နှံ့၍ ဘုန်းအသရေတော်ထွန်းတောက် နိုင်စေရန်ငါတို့အတွက်ဆုတောင်းကြလော့။- Ver CapítuloGarrad Bible1 အ ဆုံး စ ကား မှာ ညီ အစ် ကို တို့၊ အ ရှင် ဘု ရား၏ တ ရား တော် သည် သင် တို့၌ ကဲ့ သို့ တိုး ပွား၍ ဘုန်း ပွင့် စေ တော် မူ ပါ မည့် အ ကြောင်း၊ Ver CapítuloJudson Bible1 ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရား၏ နှုတ်ကပတ်တရားသည် သင်တို့တွင် နှံ့ပြား၍ ဘုန်းထင်ရှားခြင်းရှိသကဲ့သို့၊ အရပ်ရပ်တို့၌ ထင်ရှားမည်အကြောင်းနှင့်၊- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း1 ညီအစ်ကိုမောင်နှမတို့… နိဂုံးချုပ်အနေဖြင့် ကျွန်ုပ်မှာကြားလို၏။ သခင်ဘုရား၏ နှုတ်ကပတ်တရားတော်သည် အရပ်ရပ်သို့ လျင်မြန်စွာ ပြန့်ပွား၍ သင်တို့သည် ထိုနှုတ်ကပတ်တရားတော်ကို ရိုသေလက်ခံသကဲ့သို့ အခြားသူတို့လည်း ရိုသေလက်ခံရန် ဆုတောင်းပေးကြလော့။ Ver Capítulo |
အကြောင်းမူကား ငါတို့ဟောပြောသည့် ကောင်းမြတ်သောသတင်းသည် စကားအားဖြင့်သာမဟုတ်ဘဲ တန်ခိုးတော်အားဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်လည်းကောင်း၊ ပြည့်ဝသောစိတ်ချမှုအားဖြင့်လည်းကောင်း သင်တို့ထံသို့ရောက်လာ၏။ ငါတို့သည် သင်တို့နှင့်အတူရှိစဉ် သင်တို့အတွက် မည်ကဲ့သို့သောသူဖြစ်ကြသည်ကို သင်တို့သိကြ၏။
သင်တို့သည် ငါတို့ထံမှကြားနာသော ဘုရားသခင်၏နှုတ်ကပတ်တရားကို လက်ခံကြသောအခါ လူတို့၏စကားအဖြစ်မဟုတ်ဘဲ ၎င်း၏စစ်မှန်သည့်အဖြစ်အတိုင်း တစ်နည်းဆိုသော် ယုံကြည်သောသင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော ဘုရားသခင်၏နှုတ်ကပတ်တရားအဖြစ် လက်ခံကြသောကြောင့် ငါတို့သည် ဘုရားသခင်ကို အမြဲမပြတ်ကျေးဇူးတင်ကြ၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ သင်တို့သည် ဘုရားသခင်ကိုနှစ်သက်စေရန် မည်ကဲ့သို့အသက်ရှင်လျှောက်လှမ်းရမည်ကို ငါတို့ထံမှနည်းခံကြပြီး ထိုအတိုင်းအသက်ရှင်လျှောက်လှမ်းကြသည့်နည်းတူ ပို၍ပြည့်စုံစွာ ကြိုးစားအားထုတ်ကြရန် သင်တို့အား သခင်ယေရှု၏နာမတော်၌ ငါတို့တိုက်တွန်းနှိုးဆော်လျက် တောင်းပန်ကြ၏။