၂ သက် 2:14 - မြန်မာ့စံမီသမ္မာကျမ်း14 ဤရည်ရွယ်ချက်အတွက် ဘုရားသခင်သည် ငါတို့ဟောပြောသည့်ကောင်းမြတ်သောသတင်းအားဖြင့် သင်တို့ကို ခေါ်ယူတော်မူ၏။ ဤသည်ကား ငါတို့သခင်ယေရှုခရစ်တော်၏ဘုန်းအသရေတော်ကို သင်တို့ရရှိရန်အတွက်ဖြစ်၏။ Ver CapítuloCommon Language Bible14 သင်တို့သည်ယင်းသို့ကယ်တင်ခြင်းကိုခံရ၍ ငါတို့အရှင်သခင်ယေရှုခရစ်နှင့်အတူ ဘုန်းအသရေတော်ကိုခံယူနိုင်ကြစေရန် ဘုရားသခင်သည်ငါတို့ဟောပြောကြေညာ သည့်သတင်းကောင်းအားဖြင့် သင်တို့ကိုရွေး ချယ်တော်မူသတည်း။- Ver CapítuloJudson Bible14 ထိုသို့အလိုငှာ ငါတို့ဧဝံဂေလိတရားအားဖြင့် သင်တို့ကိုခေါ်တော်မူပြီ။ အကြောင်းမူကား၊ သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ဘုန်းကို ပိုင်ရမည် အကြောင်းတည်း။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း14 ထိုသို့ ကယ်တင်ခံရရန် ဘုရားသခင်သည် ကျွန်ုပ်တို့ဟောပြောသော သတင်းကောင်းဖြင့် သင်တို့ကို ခေါ်တော်မူ၏။ ဤသို့ခေါ်ခြင်းသည် ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ ဘုန်းအသရေကို သင်တို့ခံစားရရှိနိုင်ရန် ဖြစ်၏။ Ver Capítulo |
ငါဟောပြောသည့်ကောင်းမြတ်သောသတင်းနှင့် ယေရှုခရစ်တော်အကြောင်းကိုဟောပြောခြင်းအားဖြင့်လည်းကောင်း၊ ရှေးကာလပတ်လုံး ဝှက်ထားခြင်းခံရသော်လည်း ယခုအခါ ထာဝရဘုရားသခင်၏အမိန့်တော်အတိုင်း ပရောဖက်ကျမ်းများ၌ထင်ရှားပြီး ယုံကြည်ခြင်းနှင့်ဆိုင်သောနာခံမှုရှိစေရန် လူမျိုးအပေါင်းတို့အားသိစေသည့် လျှို့ဝှက်နက်နဲသောအရာကို ဖွင့်ပြခြင်းအားဖြင့်လည်းကောင်း သင်တို့ကို ခိုင်ခံ့မြဲမြံစေနိုင်သောအရှင်၊
အကြောင်းမူကား ငါတို့ဟောပြောသည့် ကောင်းမြတ်သောသတင်းသည် စကားအားဖြင့်သာမဟုတ်ဘဲ တန်ခိုးတော်အားဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်လည်းကောင်း၊ ပြည့်ဝသောစိတ်ချမှုအားဖြင့်လည်းကောင်း သင်တို့ထံသို့ရောက်လာ၏။ ငါတို့သည် သင်တို့နှင့်အတူရှိစဉ် သင်တို့အတွက် မည်ကဲ့သို့သောသူဖြစ်ကြသည်ကို သင်တို့သိကြ၏။
သင်တို့ကို မိမိ၏ထာဝရဘုန်းအသရေတော်ထဲသို့ ခရစ်တော်ယေရှုအားဖြင့် ခေါ်ယူတော်မူသောအရှင်၊ ကျေးဇူးတော်အပေါင်းနှင့်ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် ဒုက္ခဝေဒနာခေတ္တခဏခံစားပြီးသောသင်တို့ကို စုံလင်စေ၍ ခွန်အားနှင့်ပြည့်စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။