၂ သက် 1:12 - မြန်မာ့စံမီသမ္မာကျမ်း12 ဤသည်ကား ငါတို့၏ဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်အားဖြင့် ငါတို့သခင်ယေရှု၏နာမတော်သည် သင်တို့၌ဘုန်းထင်ရှားစေခြင်းကိုခံရလျက် သင်တို့သည်လည်း ကိုယ်တော်၌ဘုန်းထင်ရှားစေခြင်းကိုခံရမည့်အကြောင်းတည်း။ Ver CapítuloCommon Language Bible12 ဤနည်းအားဖြင့်ငါတို့အရှင်သခင်ယေရှု ၏နာမတော်သည်သင်တို့ကိုအကြောင်းပြု၍ ဘုန်းအသရေတော်ထွန်းတောက်လိမ့်မည်။ သင် တို့သည်လည်းကိုယ်တော်ကိုအကြောင်းပြု၍ ဘုန်းအသရေထွန်းတောက်ကြလိမ့်မည်။ ငါ တို့၏ဘုရားသခင်နှင့်အရှင်သခင်ယေရှု ခရစ်၏ကျေးဇူးတော်အားဖြင့်ဤသို့ ဖြစ်ပါစေသော။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း12 ဤသို့ဆုတောင်းခြင်းက ကျွန်ုပ်တို့ ဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်ဖြင့် ကျွန်ုပ်တို့သခင်ယေရှု၏ အမည်နာမတော်သည် သင်တို့နေထိုင်ပြုမူပုံကြောင့် ဘုန်းထင်ရှားလျက် သင်တို့သည်လည်း ကိုယ်တော်အားဖြင့် ဘုန်းထင်ရှားကြရန် ဖြစ်၏။ Ver Capítulo |
ထာဝရဘုရား၏စကားတော်ကြောင့် စိုးရိမ်ထိတ်လန့်သောသူတို့၊ စကားတော်ကိုနားထောင်ကြလော့။ သင်တို့ကိုမုန်း၍ ငါ့နာမကြောင့် သင်တို့ကိုနှင်ထုတ်သော ညီအစ်ကိုတို့က ‘သင်တို့ဝမ်းမြောက်သည်ကို ငါတို့မြင်ရမည့်အကြောင်း ထာဝရဘုရားသည် ဘုန်းထင်ရှားပါစေသော’ဟု ကဲ့ရဲ့ပြောဆိုကြ၏။ သို့သော်လည်း သူတို့သည် အရှက်ကွဲကြလိမ့်မည်”ဟု မိန့်တော်မူ၏။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။