၂ ရာချုပ် 9:7 - မြန်မာ့စံမီသမ္မာကျမ်း7 မင်းကြီးထံခစားရသောသူတို့သည် မင်္ဂလာရှိလှပါသည်တကား။ ရှေ့တော်တွင် အစဉ်အမှုထမ်းရပြီး မင်းကြီး၏ပညာစကားကို ကြားနာရသောသူတို့သည် မင်္ဂလာရှိလှပါသည်တကား။ Ver CapítuloCommon Language Bible7 အဆွေတော်၏အပါးတော်တွင်အစဉ်ခစား လျက် အဆွေတော်ထံမှဉာဏ်ပညာနှင့်ယှဉ် သောစကားများကိုကြားရသူတို့သည် အလွန်မင်္ဂလာရှိကြပါသည်တကား။- Ver CapítuloGarrad Bible7 အ ပါး တော် တွင် အ မြဲ ခ စား လျက် ပ ညာ တော် ကို နာ ယူ ရ သော အ ကြည် တော်၏ အ မှု ထမ်း၊ ကျေး ကျွန် သင်း ပင်း တို့ သည် သာ ယာ ကြ လေ စွ။ Ver CapítuloJudson Bible7 ရှေ့တော်၌အစဉ်နေ၍ ပညာတော်ကိုကြားရသော ကိုယ်တော်၏လူနှင့် ကိုယ်တော်၏ကျွန်တို့သည် မင်္ဂလာရှိကြပါ၏။ Ver Capítulo |
မင်းကြီးကိုနှစ်သက်မြတ်နိုး၍ ရှင်ဘုရင်အဖြစ်ရာဇပလ္လင်တွင် စံမြန်းစေတော်မူသော မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိစေသတည်း။ မင်းကြီး၏ဘုရားသခင်သည် အစ္စရေးလူမျိုးကိုချစ်တော်မူ၍ ထာဝရတည်စေလိုသဖြင့် တရားမျှတစွာ၊ ဖြောင့်မတ်စွာစီရင်အုပ်ချုပ်ရန် မင်းကြီးကို ရှင်ဘုရင်အဖြစ် ခန့်ထားတော်မူပြီ”ဟု ဆိုလေ၏။