၂ ရာချုပ် 7:12 - မြန်မာ့စံမီသမ္မာကျမ်း12 ထာဝရဘုရားသည် ရှောလမုန်မင်းကြီးအား ညအချိန်ထင်ရှားပြတော်မူ၍ “သင့်ဆုတောင်းသံကို ငါနားညောင်းပြီ။ ဤနေရာကို ငါ့အဖို့ ယဇ်ပူဇော်ရာအိမ်အဖြစ် ငါရွေးချယ်ပြီ။ Ver CapítuloCommon Language Bible12 ထာဝရဘုရားသည်ညဥ့်အခါရှောလမုန်ထံ သို့ကြွလာတော်မူ၍``သင်၏ဆုတောင်းပတ္ထနာ ကိုငါကြားပြီ။ သို့ဖြစ်၍ဤဗိမာန်တော်ကို ငါ့အားယဇ်ပူဇော်ရာဌာနအဖြစ်ဖြင့်ငါ လက်ခံ၏။- Ver CapítuloGarrad Bible12 ညဉ့် အ ခါ ထာ ဝ ရ ဘု ရား ထင် ရှား လျက် ဗျာ ဒိတ် ပေး တော် မူ သည် မှာ ငါ သည် သင့် ပ ဌ နာ ကို နာ ယူ ၍ ပူဇော် ရာ ဗိ မာန် အ ဖြစ် ဤ ဌာ န ကို ရွေး ချယ် ပြီ။ Ver CapítuloJudson Bible12 ထာဝရဘုရားသည် ညအချိန်တွင်ထင်ရှားတော်မူလျက်၊ သင်ပြုသော ပတ္ထနာစကားကို ငါကြားပြီ။ ဤအရပ်ဌာနကို ယဇ်ပူဇော်ရာ အိမ်ဖြစ်စေခြင်းငှာ ကိုယ်အဖို့ ငါရွေးယူပြီ။ Ver Capítulo |
တစ်ဖန် ဧလိယက ဧလိရှဲအား “ယခု ဤမြို့မှာ နေခဲ့ပါတော့။ ငါ့ကို ဂျော်ဒန်မြစ်သို့ ထာဝရဘုရား စေလွှတ်တော်မူ၏”ဟုဆိုလျှင် ဧလိရှဲက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အရှင်လည်း အသက်ရှင်နေသည်နှင့်အညီ အရှင့်ကိုအကျွန်ုပ် စွန့်ခွာမသွားပါ”ဟု ပြန်ပြော၏။ ထို့ကြောင့် သူတို့နှစ်ဦး ဆက်သွားကြ၏။
“ငါ့လူမျိုးတော်ကို အုပ်ချုပ်သောဟေဇကိမင်းကြီးထံသို့ ပြန်သွားပြီးလျှင် သင့်ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားက ‘သင့်ဆုတောင်းသံကို ငါကြားပြီ။ သင့်မျက်ရည်ကို ငါမြင်ပြီ။ သင့်ကို ငါပြန်လည်ကျန်းမာလာစေမည်။ သုံးရက်မြောက်လျှင် သင်သည် ထာဝရဘုရား၏အိမ်တော်သို့ တက်သွားနိုင်လိမ့်မည်။
မိမိကိုယ်တိုင်ထွင်းထုထားသော အာရှရနတ်ဘုရားမရုပ်တုကိုလည်း အိမ်တော်တွင် ထားရှိ၏။ ထာဝရဘုရားက ဤအိမ်တော်နှင့်ပတ်သက်၍ ဒါဝိဒ်မင်းကြီးနှင့် သူ၏သားတော်ရှောလမုန်မင်းကြီးတို့အား “အစ္စရေးအမျိုးအနွယ်တို့ပိုင်သောမြို့ထဲမှ ငါရွေးချယ်သောဂျေရုဆလင်မြို့၊ ဤအိမ်တော်တွင် ငါ့နာမကို အစဉ်တည်စေမည်။
ထိုအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိန်းဝပ်ရာနေရာကိုရွေးချယ်တော်မူမည်။ သင်တို့အား ငါမှာကြားထားသမျှအတိုင်း သင်တို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ထာဝရဘုရားထံ သင်တို့ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာအကောင်းဆုံးပူဇော်သက္ကာရှိသမျှတို့ကို ထိုနေရာသို့ သင်တို့ယူဆောင်လာရမည်။