၂ ရာချုပ် 6:16 - မြန်မာ့စံမီသမ္မာကျမ်း
16 အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏အစေအပါး အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘ငါ့ရှေ့မှောက်၌ သင်အသက်ရှင်လျှောက်လှမ်းခဲ့သည့်နည်းတူ သင့်သားမြေးတို့သည်လည်း ငါ့ပညတ်တရားအတိုင်း တည်ကြည်စွာအသက်ရှင်လျှောက်လှမ်းလျှင် သင့်မျိုးရိုးသည် ငါ့ရှေ့မှောက် အစ္စရေးရာဇပလ္လင်တွင် မပြတ်စံမြန်းရလိမ့်မည်’ဟု မိန့်ဆိုခဲ့သည့်စကားကို တည်စေတော်မူပါ။
Ver Capítulo Copiar
16 အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်၏ ခမည်းတော်ဒါဝိဒ်အား`သင်၏သားမြေးတို့ သည်သင်နည်းတူပညတ်တော်ကိုဂရုပြု၍ လိုက်လျှောက်ကြလျှင် ဣသရေလပြည်တွင် အဘယ်အခါ၌မျှသင်၏အမျိုးမင်းရိုး ပြတ်မည်မဟုတ်' ဟုပေးတော်မူခဲ့သည့် ကတိတော်ကိုလည်းတည်စေတော်မူ ပါ။-
Ver Capítulo Copiar
16 သို့ ဖြစ်၍ အို ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ ငါ့ မျက် မှောက် တွင် သင် လိုက် လျှောက် သည့် အ တိုင်း သား မြေး တို့ လည်း ငါ့ ပ ညတ် တ ရား၌ လိုက် လျှောက် ရာ လမ်း ကို သ တိ ပြု ကြ လျှင် ငါ့ ရှေ့ ဣ သ ရေ လ ရာ ဇ ပ လ္လင် ထက် စံ ရ သော သင့် အ မျိုး မင်း ရိုး မ ပြတ် ရ ဟု ကျွန် တော် ရင်း ခ မည်း တော် ဒါ ဝိဒ် မင်း အား ထား ခဲ့ သော သ စ္စာ တော် ကို စောင့် တော် မူ ပါ။
Ver Capítulo Copiar
16 အိုဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်က၊ သင်သည်ငါ့ရှေ့မှာ ကျင့်သကဲ့သို့ သင်၏သားမြေးတို့သည် ငါ့တရားကို ကျင့်လိုသောငှာ၊ မိမိတို့သွားရာလမ်းကို သတိပြုလျှင်၊ ငါ့မျက်မှောက်၌ ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာထိုင်ရသော သင်၏အမျိုး မင်းရိုးမပြတ်ရဟု ကိုယ်တော်ကျွန် အကျွန်ုပ်အဘဒါဝိဒ်၌ထားတော်မူသော ကတိတော်ကို ယခု စောင့်တော်မူပါ။
Ver Capítulo Copiar