၂ ရာချုပ် 35:16 - မြန်မာ့စံမီသမ္မာကျမ်း16 ဤသို့ဖြင့် ယောရှိမင်းကြီး၏အမိန့်တော်အတိုင်း ပသခါပွဲတော်ကြီးကို ကျင်းပရန်နှင့် ထာဝရဘုရား၏ယဇ်ပလ္လင်တော်အပေါ်၌ မီးရှို့ရာယဇ်ကိုပူဇော်ရန်အတွက် ထာဝရဘုရားနှင့်ဆိုင်သောဝတ်အလုံးစုံတို့ကို ထိုနေ့တွင် အဆင်သင့်ပြင်ဆင်ကြ၏။ Ver CapítuloCommon Language Bible16 ထို့ကြောင့်ထာဝရဘုရားအားဝတ်ပြုကိုး ကွယ်မှု၊ ပသခါပွဲတော်ကျင်းပမှုနှင့်ယဇ် ပလ္လင်ပေါ်တွင်မီးရှို့ရာပူဇော်သကာများ ကိုဆက်ကပ်မှုတို့အတွက် ယောရှိမင်း၏ အမိန့်တော်အတိုင်းနေ့ချင်းပြင်ဆင်ကြ၏။- Ver CapítuloGarrad Bible16 ထို သို့ ယော ရှိ မင်း အ မိန့် တော် အ ရ ပ သ ခါ ပွဲ ကို ကျင်း ပ လျက်၊ ထာ ဝ ရ ဘု ရား အား ပူ ဇော် ရာ ပ လ္လင် တော် ပေါ် တွင်၊ မီး ရှို့ ရာ သ က္ကာ များ ကို ဆက် ကပ် ကြ ရန်၊ ဘု ရား ဝတ် ကို နေ့ ချင်း ပြင် ဆင် ကြ ကုန် ၏။ Ver CapítuloJudson Bible16 ထိုသို့ ယောရှိမင်းကြီး မိန့်တော်မူသည်အတိုင်း ပသခါပွဲကိုခံ၍ ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်းငှာ၊ ထာဝရဘုရားအား ပြုရသောဝတ်အလုံးစုံကို၊ ထိုနေ့ချင်းတွင် ပြင်ဆင်ကြ၏။ Ver Capítulo |
အာသပ်သားမြေးသီချင်းသည်တို့သည် ဒါဝိဒ်မင်းကြီးနှင့် အာသပ်၊ ဟေမန်၊ ရှင်ဘုရင်၏ဗျာဒိတ်ဆရာယေဒုသုန်တို့ စီစဉ်ညွှန်ကြားထားခဲ့သည့်အတိုင်း ကိုယ့်နေရာတွင် ရပ်နေကြ၏။ တံခါးစောင့်တို့သည်လည်း မိမိတို့ တံခါးတိုင်တွင် ရပ်နေကြရ၏။ သူတို့၏ညီအစ်ကိုချင်းဖြစ်သောလေဝိအမျိုးတို့သည် သူတို့အဖို့ကိုလည်း ပြင်ဆင်ပေးသောကြောင့် မိမိတို့တာဝန်ကျသောနေရာမှ ထွက်သွားစရာမလိုပေ။