၂ ရာချုပ် 33:6 - မြန်မာ့စံမီသမ္မာကျမ်း6 ဗင်ဟိန္နုံချိုင့်ဝှမ်းတွင် မိမိသားတို့ကိုလည်း မီးရှို့ပူဇော်၏။ ဗေဒင်အတတ်၊ ဟူးရားအတတ်၊ မှော်အတတ်တို့ကို လိုက်စားသည်သာမက နတ်ဝင်သည်၊ နတ်ထိန်းသည်တို့အား မေးမြန်းသောအလေ့အထကိုလည်း ကျင့်သုံး၏။ ဤသို့မကောင်းမှုများကိုပြုလျက် ထာဝရဘုရားကို အမျက်ထွက်စေ၏။ Ver CapítuloCommon Language Bible6 မိမိ၏သားတော်များကိုဟိန္နုံချိုင့်တွင်မီးဖြင့် ပူဇော်၏။ မင်းကြီးသည်နတ်ဝိဇ္ဇာအတတ်နှင့်မှော် အတတ်များကိုကျင့်သုံး၍ဗေဒင်ဆရာနှင့်နတ် ဝင်သည့်သူတို့ထံမှအကြံဉာဏ်များကိုတောင်း ယူတတ်လေသည်။ သူသည်ထာဝရဘုရားအား လွန်စွာပြစ်မှား၍အမျက်တော်ကိုလှုံ့ဆော် ပေး၏။- Ver CapítuloGarrad Bible6 သား တော် သ မီး တော် တို့ ကို ဟိ န္နုံ ချိုင့် တွင် မီး ဖြင့် ဆက် ကပ်၍၊ ဗေ ဒင်၊ ဇော် ဂ နီ နှင့် ပ ရော ဂ အ တတ် ကို လေ့ လာ လျက်၊ က ဝေ နှင့် မှော် ဝင် တို့ ကို ချီး မြှင့် လျက်၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင်၊ အ မျက် တော် တိုက် ဆိုး သွမ်း မှု ကို များ စွာ ပြု လေ ၏။ Ver CapítuloJudson Bible6 မိမိသားတို့ကို ဟိန္နုံသားချိုင့်၌ မီးဖြင့်ပူဇော်၏။ ကာလဗေဒင်ကိုကြည့်တတ်၏။ ပြုစားသောအတတ်၊ နတ်ဝိဇ္ဇာအတတ်ကို သုံးဆောင်၍၊ စုန်းနှင့် နတ်ဝင်တို့ကိုလည်း အခွင့်ပေး၏။ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ခြင်းငှာ ရှေ့တော်၌များစွာသော ဒုစရိုက်ကိုပြု၏။ Ver Capítulo |
ယောရှိမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်၌ ယဇ်ပုရောဟိတ်ဟိလခိတွေ့ရှိခဲ့သောကျမ်းတွင်ရေးသားထားသည့် ပညတ်တရားစကားတော်တို့ကို စောင့်ထိန်းရန် ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်တွင်တွေ့ရှိသော နတ်ဝင်သည်များ၊ နတ်ထိန်းများ၊ တေရပ်ရုပ်တုအပါအဝင်ရုပ်တုဆင်းတုများနှင့် စက်ဆုပ်ရွံရှာဖွယ်အရာအားလုံးတို့ကိုလည်း ဖယ်ရှားပစ်၏။