၂ ရာချုပ် 32:22 - မြန်မာ့စံမီသမ္မာကျမ်း22 ဤသို့ဖြင့် ထာဝရဘုရားသည် ဟေဇကိမင်းကြီးနှင့် ဂျေရုဆလင်မြို့သားတို့ကို အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးနှင့် အခြားရန်သူအပေါင်းတို့၏လက်မှ ကယ်နုတ်တော်မူ၍ ပတ်ဝန်းကျင်အရပ်ရပ်တွင် အေးချမ်းစေလေ၏။ Ver CapítuloCommon Language Bible22 ဤနည်းအားဖြင့်ထာဝရဘုရားသည်ဟေ ဇကိနှင့်ယေရုရှလင်မြို့သူမြို့သားတို့ အား အာရှုရိဧကရာဇ်သနာခရိပ်၏လက် မှလည်းကောင်း၊ အခြားရန်သူများ၏လက် မှလည်းကောင်းကယ်တော်မူ၍ပတ်ဝန်းကျင် နိုင်ငံများနှင့်ငြိမ်းချမ်းမှုကိုပေးတော်မူ၏။- Ver CapítuloGarrad Bible22 ထို သို့ ထာ ဝ ရ ဘု ရား သည်၊ ဟေ ဇ ကိ မင်း နှင့် ယေ ရု ရှ လင် မြို့ သား တို့ ကို၊ အာ ရှု ရိ ဘု ရင် သ နာ ခ ရိပ် မင်း လက် မှ လည်း ကောင်း၊ ရန် သူ အ ပေါင်း တို့ လက် မှ လည်း ကောင်း၊ လွတ် မြောက် စေ ပြီး လျှင်၊ ပတ် ဝန်း ကျင် အ ရပ် ရပ် ငြိမ်း ချမ်း ခွင့် ပေး တော် မူ ၏။ Ver CapítuloJudson Bible22 ထိုသို့ထာဝရဘုရားသည် ဟေဇကိနှင့် ယေရုရှလင်မြို့သားတို့ကို၊ အာရှုရိရှင်ဘုရင်လက်မှလည်းကောင်း၊ အခြားသောရန်သူလက်မှလည်းကောင်း ကယ်လွှတ်၍၊ အရပ်ရပ်၌ စောင့်မတော်မူ၏။ Ver Capítulo |
ထိုအခါ ထာဝရဘုရားသည် ကောင်းကင်တမန်ကိုစေလွှတ်၍ အဆီးရီးယားဘုရင်၏တပ်စခန်းရှိ စစ်သူရဲများ၊ တပ်မှူးများ၊ စစ်သူကြီးများ အားလုံးကို သုတ်သင်ပစ်လေ၏။ ထို့ကြောင့် အဆီးရီးယားဘုရင်သည် မိမိပြည်သို့ အရှက်ရသောမျက်နှာနှင့် ပြန်ဆုတ်သွားပြီး မိမိဘုရားဝတ်ကျောင်းသို့ဝင်သွားလျှင် သားတော်အရင်းတို့ကပင် သူ့ကို ဓားဖြင့်ကွပ်မျက်ပစ်ကြလေ၏။
သို့ရာတွင် သမ္မာတရား၏ဝိညာဉ်တော်ရောက်လာသောအခါ သမ္မာတရားအလုံးစုံထဲသို့ သင်တို့ကို လမ်းပြပို့ဆောင်တော်မူလိမ့်မည်။ အကြောင်းမူကား ထိုဝိညာဉ်တော်သည် မိမိဆန္ဒအလျောက် မြွက်ဆိုတော်မမူဘဲ ကြားရသမျှတို့ကို မြွက်ဆိုတော်မူ၍ နောင်ဖြစ်လာမည့်အရာတို့ကို သင်တို့အား ဖော်ပြတော်မူလိမ့်မည်။