၂ ရာချုပ် 32:20 - မြန်မာ့စံမီသမ္မာကျမ်း20 ဤအမှုကြောင့် ဟေဇကိမင်းကြီးနှင့် အာမုတ်၏သားပရောဖက်ဟေရှာယတို့သည် ကောင်းကင်သို့အော်ဟစ်ဆုတောင်းကြ၏။ Ver CapítuloCommon Language Bible20 ထိုအခါဟေဇကိမင်းနှင့်အာမုတ်၏သား ပရောဖက်ဟေရှာယသည် ဘုရားသခင်ထံ တော်သို့ကယ်မတော်မူရန်ဟစ်လျက်ပတ္ထနာ ပြုကြလေသည်။- Ver CapítuloGarrad Bible20 ထို အ ကြောင်း ကြောင့်၊ ဟေ ဇ ကိ မင်း နှင့် အာ မုတ် သား ပ ရော ဖက် ဟေ ရှာ ယ တို့ သည်၊ ကောင်း ကင် သို့ ဟစ် လျက် ပ ဌ နာ ပြု ကြ သည့် အ တွက်၊ Ver CapítuloJudson Bible20 ထိုအကြောင်းကြောင့်၊ ဟေဇကိမင်းကြီးနှင့် အာမုတ်သား ပရောဖက်ဟေရှာယသည်ဆုတောင်း၍၊ ကောင်းကင်ဘုံသို့ ဟစ်ခေါ်သဖြင့်၊ Ver Capítulo |
ထို့နောက် အာသမင်းကြီးသည် ဘုရားသခင်ထာဝရဘုရားထံ အော်ဟစ်လျက် “အို ထာဝရဘုရား၊ အားကြီးသူကိုတွန်းလှန်နိုင်ရန် အားနည်းသူကို ကူညီနိုင်သောအရှင်သည် ကိုယ်တော်မှလွဲ၍ မရှိပါ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ကယ်မတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တို့ ကိုးစားပါ၏။ အကျွန်ုပ်တို့သည် ဤလူအလုံးအရင်းကြီးကိုတိုက်ခိုက်ရန် ကိုယ်တော်၏နာမတော်ကိုစွဲကိုင်လျက် လာပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူပါ၏။ ဤလူတို့သည် ကိုယ်တော်ကို အနိုင်မရပါစေနှင့်”ဟု ဆုတောင်းလေ၏။
ထိုအခါ ထာဝရဘုရားသည် ကောင်းကင်တမန်ကိုစေလွှတ်၍ အဆီးရီးယားဘုရင်၏တပ်စခန်းရှိ စစ်သူရဲများ၊ တပ်မှူးများ၊ စစ်သူကြီးများ အားလုံးကို သုတ်သင်ပစ်လေ၏။ ထို့ကြောင့် အဆီးရီးယားဘုရင်သည် မိမိပြည်သို့ အရှက်ရသောမျက်နှာနှင့် ပြန်ဆုတ်သွားပြီး မိမိဘုရားဝတ်ကျောင်းသို့ဝင်သွားလျှင် သားတော်အရင်းတို့ကပင် သူ့ကို ဓားဖြင့်ကွပ်မျက်ပစ်ကြလေ၏။