၂ ရာချုပ် 31:3 - မြန်မာ့စံမီသမ္မာကျမ်း3 ထာဝရဘုရား၏ပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း နံနက်နှင့်ညနေတို့တွင် ပူဇော်ရမည့်မီးရှို့ရာယဇ်နှင့် ဥပုသ်နေ့၊ လဆန်းနေ့၊ သတ်မှတ်ထားသောပွဲတော်တို့တွင် ပူဇော်ရမည့်မီးရှို့ရာယဇ်များကို ရှင်ဘုရင်သည် မိမိဥစ္စာပစ္စည်းများထဲမှ ခွဲဝေပေး၏။ Ver CapítuloCommon Language Bible3 မင်းကြီးသည်ထာဝရဘုရား၏ပညတ်ကျမ်း အရ နေ့စဉ်နံနက်တိုင်း၊ ညနေတိုင်း၊ ဥပုသ်နေ့ လဆန်းပွဲတော်နေ့နှင့်အခြားပွဲတော်များ၌ မီးရှို့ပူဇော်ရန် လိုအပ်သောသိုးနွားများကို မိမိပိုင်သိုးအုပ်နွားအုပ်များမှပေးလှူတော် မူ၏။ Ver CapítuloGarrad Bible3 ထာ ဝ ရ ဘု ရား၏ ပ ည တ္တိ ကျမ်း အ ရ၊ ညဉ့် နံ နက် ဥ ပုသ် နေ့၊ လ ဆန်း နေ့၊ ပြု မြဲ ပွဲ နေ့ များ တွင် မီး ရှို့ ရာ သ က္ကာ များ အ ဖို့၊ ဝ တ္တ ရား အ တိုင်း၊ ပိုင် တော် မူ ရာ အ နက် လှူ ဒါန်း သည့် ပြင်၊ Ver CapítuloJudson Bible3 ထာဝရဘုရား၏ ပညတ္တိကျမ်း၌ ရေးထားသည်အတိုင်း၊ နေ့ရက်အစဉ် နံနက်အချိန်၊ ညဉ့်ဦးချိန်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ ဓမ္မပွဲနေ့တွင် မီးရှို့ရာယဇ်ပူဇော်စရာဖို့၊ ဘဏ္ဍာတော်ထဲက ဥစ္စာတစ်ဖို့ကို ထုတ်၍လှူတော်မူ၏။ Ver Capítulo |
အကြောင်းမူကား ယုဒဘုရင်ဟေဇကိမင်းကြီးသည် လူထုတစ်ရပ်လုံးအတွက် နွားအကောင်ရေတစ်ထောင်၊ သိုးအကောင်ရေခုနစ်ထောင်ကို ပေးလှူပူဇော်၏။ မှူးမတ်တို့သည်လည်း လူထုအတွက် နွားအကောင်ရေတစ်ထောင်၊ သိုးအကောင်ရေတစ်သောင်းကို ပေးလှူပူဇော်ကြ၏။ များစွာသောယဇ်ပုရောဟိတ်တို့သည်လည်း မိမိကိုယ်ကိုသန့်ရှင်းခြင်းဝတ်ပြုကြ၏။
မင်းသားသည် ပွဲတော်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့မှစ၍ အစ္စရေးအမျိုးသားတို့ တွေ့ဆုံစည်းဝေးရာအချိန်တို့တွင် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာ စသည်တို့ကို ဆက်သရန်တာဝန်ရှိသည်။ အစ္စရေးအမျိုးသားတို့ အပြစ်ဖြေလွှတ်ခြင်းအတွက် အပြစ်ဖြေရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ဆက်သရမည်။