Biblia Todo Logo
La Biblia Online
- Anuncios -




၂ ရာ​ချုပ် 30:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 လူထု​အပေါင်း​တို့​သည် ပွဲတော်​ကို နောက်ထပ်​ခုနစ်​ရက်​ကျင်းပ​ရန် တိုင်ပင်​ကြ​ပြီး ပွဲတော်​ကို နောက်ထပ်​ခုနစ်​ရက် ဝမ်းမြောက်​စွာ​ကျင်းပ​ကြ​၏​။

Ver Capítulo Copiar

Common Language Bible

23 နောက်​ထပ်​ခု​နစ်​ရက်​ကျင်း​ပ​ရန်​ဆုံး​ဖြတ်​ကြ လျက် ထို​ပွဲ​တော်​ကို​ဝမ်း​မြောက်​ရွှင်​လန်း​စွာ ဆက်​လက်​ကျင်း​ပ​ကြ​ကုန်​၏။-

Ver Capítulo Copiar

Garrad Bible

23-24 လူ ပ ရိ သတ် အ ပေါင်း တို့ သည်၊ နောက် ခု နစ် ရက် ဆက် လက် ကျင်း ပ ရန် ညီ ညွတ် ကြ သည့် အ တိုင်း၊ ယု ဒ ဘု ရင် ဟေ ဇ ကိ မင်း က၊ နွား တစ် ထောင် နှင့် သိုး ဆိတ် ခု နစ် ထောင် ကို လည်း ကောင်း၊ မှူး မတ် တို့ က၊ နွား တစ် ထောင် နှင့် သိုး ဆိတ် တစ် သောင်း ကို လည်း ကောင်း၊ ပေး အပ် သည် ဖြစ်၍၊ လူ ပ ရိ သတ် တို့ သည် အား ရ ဝမ်း မြောက် စွာ ဆက် လက် ကျင်း ပ ကြ ကုန်၏။ ပ ရော ဟိတ် အ မြောက် အ မြား တို့ လည်း၊ ကိုယ် ကို သန့် ရှင်း စေ ကြ၏။

Ver Capítulo Copiar

Judson Bible

23 စည်း​ဝေး​သော​သူ အ​ပေါင်း​တို့​သည် ခု​နစ်​ရက်​ထပ်၍ ပွဲ​ခံ​ခြင်း​ငှာ တိုင်​ပင်​ပြီး​မှ၊ ရွှင်​လန်း​သော​စိတ်​နှင့် ခု​နစ်​ရက်​ထပ်၍ ပွဲ​ခံ​ကြ၏။

Ver Capítulo Copiar




၂ ရာ​ချုပ် 30:23
5 Referencias Cruzadas  

ထို​အချိန်​တွင်ပင် ရှောလမုန်​မင်းကြီး​သည် လီဘိုဟာမတ်​အရပ်​မှ အီဂျစ်​မြစ်​တိုင်အောင် အရပ်ရပ်​မှ​ရောက်လာ​သော အစ္စရေး​လူအုပ်ကြီး​နှင့်အတူ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌ ခုနစ်​ရက်​ပြီး နောက်ထပ်​ခုနစ်​ရက် စုစုပေါင်း​တစ်ဆယ့်​လေး​ရက်​တိုင် ပွဲတော်​ကျင်းပ​လေ​၏​။


ထို့နောက် ဟေဇကိ​မင်းကြီး​နှင့်​မှူးမတ်​တို့​က လေဝိ​အမျိုး​တို့​အား ဒါဝိဒ်​မင်းကြီး​နှင့် ဗျာဒိတ်ရသူ​အာသပ်​တို့​ရေးဖွဲ့​ခဲ့​သော​သီချင်း​ဖြင့် ထာဝရဘုရား​ကို​ချီးမွမ်းသီဆို​ရန်​ပြော​သောအခါ သူ​တို့​သည် ဝမ်းမြောက်​စွာ​ချီးမွမ်း​လျက် ဦးညွှတ်​ပျပ်ဝပ်​ကြ​လေ​၏​။


အကြောင်းမူကား ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​သည် လူထု​တစ်ရပ်လုံး​အတွက် နွား​အကောင်ရေ​တစ်ထောင်​၊ သိုး​အကောင်ရေ​ခုနစ်​ထောင်​ကို ပေးလှူပူဇော်​၏​။ မှူးမတ်​တို့​သည်​လည်း လူထု​အတွက် နွား​အကောင်ရေ​တစ်ထောင်​၊ သိုး​အကောင်ရေ​တစ်သောင်း​ကို ပေးလှူ​ပူဇော်​ကြ​၏​။ များစွာ​သော​ယဇ်ပုရောဟိတ်​တို့​သည်​လည်း မိမိကိုယ်ကို​သန့်ရှင်း​ခြင်း​ဝတ်​ပြု​ကြ​၏​။


ယဇ်ပလ္လင်​ဆက်ကပ်ပွဲ​ကို ခုနစ်​ရက်​ကျင်းပ​ပြီး ပွဲတော်​ကို နောက်ထပ်​ခုနစ်​ရက် ကျင်းပ​၏​။ ရှစ်​ရက်​မြောက်​သော​နေ့​တွင် ဓမ္မစည်းဝေးပွဲ​ကြီး​ကို ကျင်းပ​၏​။


သုံ့ပန်းဘဝ​မှ​လွတ်မြောက်​၍​ပြန်လာ​သော​လူအုပ်ကြီး​က​လည်း ယာယီတဲ​များ​ကို​ဆောက်လုပ်​၍ ထို​တဲ​များ​တွင် နေထိုင်​ကြ​၏​။ နုန်​၏​သား​ယောရှု​လက်ထက်​မှစ၍ ဤ​နေ့ရက်​အထိ အစ္စရေး​အမျိုးသား​တို့​သည် ထိုသို့ မ​ကျင်းပ​ဖူး​သောကြောင့် လွန်စွာ​အားရဝမ်းမြောက်​ကြ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos