၂ ရာချုပ် 30:1 - မြန်မာ့စံမီသမ္မာကျမ်း1 ဂျေရုဆလင်မြို့ရှိ ထာဝရဘုရားအိမ်တော်သို့လာ၍ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲတော်ကျင်းပကြရန် ဟေဇကိမင်းကြီးသည် အစ္စရေးလူမျိုး၊ ယုဒလူမျိုးအပေါင်းတို့ထံ သတင်းပို့၏။ ဧဖရိမ်လူမျိုး၊ မနာရှေလူမျိုးတို့ထံသို့လည်း စာရေးအကြောင်းကြား၏။ Ver CapítuloCommon Language Bible1-3 ဘာသာရေးထုံးနည်းအရသန့်စင်မှုပြုပြီး သူ ယဇ်ပုရောဟိတ်အရေအတွက်လုံလောက် အောင်မရှိသောကြောင့်လည်းကောင်း၊ ယေရု ရှလင်မြို့သို့လာရောက်စုဝေးသူတို့သည် မများသောကြောင့်လည်းကောင်း၊ ပြည်သူ တို့သည်ပသခါပွဲတော်ကို ကျင်းပမြဲ ဖြစ်သည့်ပထမလတွင်မကျင်းပနိုင် ကြချေ။ ထိုကြောင့်ဟေဇကိမင်းနှင့် တကွ မှူးမတ်များနှင့်ယေရုရှလင်မြို့ သူမြို့သားအပေါင်းတို့သည် ထိုပွဲတော် ကိုဒုတိယလ၌ကျင်းပရန်သဘော တူကြလေသည်။ ထိုနောက်မင်းကြီးသည် ဣသရေလပြည်နှင့်ယုဒပြည်ရှိ လူ အပေါင်းတို့ထံသို့အကြောင်းကြားတော် မူ၏။ သူသည်ဧဖရိမ်အနွယ်နှင့်မနာရှေ အနွယ်တို့အားဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းသည့်အနေဖြင့် ပသခါပွဲတော်ကိုကျင်းပရန်အတွက် ယေရုရှလင်မြို့ဗိမာန်တော်သို့လာ ရောက်ကြရန်အထူးဂရုပြု၍ ဖိတ် ကြားစာများပေးပို့တော်မူလေသည်။- Ver CapítuloGarrad Bible1-3 ပ ရော ဟိတ် တို့ သည် လုံ လောက် အောင် မ သန့် ရှင်း သေး သော ကြောင့် လည်း ကောင်း၊ ပြည် သူ ပြည် သား တို့ လည်း၊ ယေ ရု ရှ လင် မြို့ တွင် မ စု ဝေး သော ကြောင့် လည်း ကောင်း၊ ထို လ တွင် ပ သ ခါ ပွဲ ကို မ ကျင်း ပ နိုင် သည့် အ တွက်၊ ဒု တိ ယ လ တွင် ကျင်း ပ မည် ဟု ဘု ရင် မင်း နှင့်၊ မှူး တော် မတ် တော်၊ ယေ ရု ရှ လင် မြို့ ရှိ လူ ပ ရိ သတ် တို့ ညီ ညွတ် ကြ သည် နှင့် အ ညီ၊ ဟေ ဇ ကိ မင်း သည်၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ၊ ယေ ရု ရှ လင် ဗိ မာန် တော် သို့ လာ ရောက်၍ ပ သ ခါ ပွဲ တော် ကို ကျင်း ပ ကြ စေ ရန်၊ ဧ ဖ ရိမ်၊ မ နာ ရှေ့ အ နွယ် မှ စ သော၊ ဣ သ ရေ လ၊ ယု ဒ တစ် မျိုး လုံး အား၊ အ မှာ တော် စာ ပို့ လိုက် လေ ၏။ Ver CapítuloJudson Bible1 တစ်ဖန် ဧဖရိမ်အမျိုး၊ မနာရှေအမျိုးနှင့်တကွ ဣသရေလအမျိုး၊ ယုဒအမျိုးသားအပေါင်းတို့သည် ယေရုရှလင်မြို့၊ ဗိမာန်တော်သို့လာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအား၊ ပသခါပွဲကို ခံစေခြင်းငှာ၊ ဟေဇကိသည် စာရေး၍ ပေးလိုက်လေ၏။ Ver Capítulo |