Biblia Todo Logo
La Biblia Online
- Anuncios -




၂ ရာ​ချုပ် 26:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ဩဇိ​မင်းကြီး​သည် ဂျေရုဆလင်​မြို့ ထောင့်​တံခါး​၊ ချိုင့်ဝှမ်းလွင်ပြင်​တံခါး​၊ မြို့ရိုး​ထောင့်​တို့​တွင် ရဲတိုက်​များ​ကို အခိုင်အခံ့​တည်ဆောက်​၏​။

Ver Capítulo Copiar

Common Language Bible

9 သြ​ဇိ​သည်​မြို့​ရိုး​ထောင့်​တံ​ခါး၊ ချိုင့်​တံ​ခါး​နှင့် မြို့​ရိုး​ထောင့်​ထိပ်​တို့​တွင်​မျှော်​စင်​များ​ကို​တည် ဆောက်​ခြင်း​အား​ဖြင့် ယေ​ရု​ရှ​လင်​ကို​ခိုင်​ခံ့ အောင်​ပြု​တော်​မူ​၏။-

Ver Capítulo Copiar

Garrad Bible

9 ဩ ဇိ မင်း သည်၊ ယေ ရု ရှ လင် မြို့ ရိုး ထောင့် တံ ခါး၊ ချိုင့် တံ ခါး၊ မြို့ ရိုး ထောင့် ထိပ် တွင် ခိုင် ခံ့ သော ပြ အိုး များ ကို တည် ဆောက် လျက်၊

Ver Capítulo Copiar

Judson Bible

9 ဩ​ဇိ​မင်း​သည် ယေ​ရု​ရှ​လင်​မြို့​ထောင့်​တံ​ခါး၊ ချိုင့်​တံ​ခါး၊ မြို့​ရိုး​ကွေ့​တံ​ခါး၌ ရဲ​တိုက်​တို့​ကို တည်၍​ခိုင်​ခံ့​စေ၏။

Ver Capítulo Copiar




၂ ရာ​ချုပ် 26:9
10 Referencias Cruzadas  

ထိုအခါ အစ္စရေး​ဘုရင်​ယဟောရှ​မင်းကြီး​သည် အာခဇိ​မင်းကြီး​၏​မြေး​၊ ယဟောရှ​မင်းကြီး​၏​သား ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​ကို ဗက်ရှေမက်​မြို့​တွင် ဖမ်းမိ​၏​။ ထို့နောက် ဂျေရုဆလင်​မြို့​သို့​သွား​ပြီးလျှင် ဂျေရုဆလင်​မြို့ရိုး​ကို ဧဖရိမ်​တံခါး​မှ​ထောင့်​တံခါး​တိုင်အောင် အတောင်​လေး​ရာ​ဖြိုချ​ပစ်​ပြီး


ထိုအခါ အစ္စရေး​ဘုရင်​ယောရှ​မင်းကြီး​သည် ယောခတ်​မင်းကြီး​၏​မြေး​၊ ယောရှ​မင်းကြီး​၏​သား ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​ကို ဗက်ရှေမက်​မြို့​တွင် ဖမ်းမိ​ပြီး ဂျေရုဆလင်​မြို့​သို့ ခေါ်ဆောင်​လာ​၏​။ ထို့နောက် ဂျေရုဆလင်​မြို့ရိုး​ကို ဧဖရိမ်​တံခါး​မှ​ထောင့်​တံခါး​တိုင်အောင် အတောင်​လေး​ရာ​ဖြိုချ​ပစ်​ပြီး


ထို​ညအချိန်​တွင်​ပင် ချိုင့်ဝှမ်းလွင်ပြင်​တံခါး​မှ​ထွက်​၍ မြွေနဂါး​ရေတွင်း​နှင့်​မျက်နှာချင်းဆိုင် နောက်ချေးပုံ​တံခါး​သို့​သွား​ပြီး ပြိုပျက်​သွား​သော​ဂျေရုဆလင်​မြို့ရိုး​နှင့် မီး​လောင်ကျွမ်း​သွား​သော​တံခါး​များ​ကို ကြည့်ရှု​စစ်ဆေး​၏​။


ထို့ကြောင့် ထို​ည​၌​ပင် ချောင်း​နား​သို့​သွား​၍ မြို့ရိုး​ကို ကြည့်ရှု​စစ်ဆေး​ပြီးလျှင် ပြန်လှည့်​လာ​ပြီး ချိုင့်ဝှမ်းလွင်ပြင်​တံခါး​မှ ပြန်​ဝင်လာ​ခဲ့​၏​။


ဟာနုန်​နှင့် ဇာနော​မြို့သား​တို့​သည် ချိုင့်ဝှမ်း​တံခါး​ကို ပြန်လည်​ပြုပြင်​တည်ဆောက်​ကြ​၏​။ တံခါးရွက်​၊ မင်းတုပ်​၊ ကန့်လန့်ကျင်​များ​ကို တပ်ဆင်​ကြ​၏​။ နောက်ချေးပုံ​တံခါး​တိုင်အောင် မြို့ရိုး​အတောင်​တစ်ထောင်​ကို ပြုပြင်​ကြ​၏​။


သူ​၏​ဘေး​တွင် ဟေနဒဒ်​၏​သား​ဗိနွိ​သည် နောက်တစ်ပိုင်း​ဖြစ်​သော အာဇရိ​အိမ်​မှ​ကွေ့​၍ ထောင့်ချိုး​အထိ ပြုပြင်​၏​။


ထို​အထက်ခန်း​မြို့ရိုး​ထောင့်​မှ သိုး​တံခါး​အထိ​ကို ပန်းထိမ်သမား​များ​နှင့် ကုန်သည်​များ ပြုပြင်​ကြ​၏​။


ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ဟာနနေလ​ရဲတိုက်​မှ မြို့​ထောင့်​တံခါး​အထိ ထာဝရဘုရား​အတွက် မြို့​တော်​ကို ပြန်လည်​တည်ဆောက်​ရ​မည့်​အချိန် ရောက်လာ​လိမ့်မည်​။


ဂေဗ​မြို့​မှ​ဂျေရုဆလင်​မြို့​တောင်ဘက် ရိမ္မုန်​မြို့​တိုင်အောင် မြေ​တစ်ပြင်လုံး​သည် လွင်ပြင်​ဖြစ်​လိမ့်မည်​။ ဂျေရုဆလင်​မြို့​ကား မြှင့်တင်​ခြင်း​ကို​ခံရ​၍ ဗင်္ယာမိန်​တံခါး​မှ မြို့​တံခါး​ဟောင်း​နေရာ​မြို့​ထောင့်​တံခါး​အထိ​လည်းကောင်း​၊ ရှိ​ဟာနနေလ​မျှော်စင်​မှ​သည် တော်ဝင်​စပျစ်သီးနယ်ရာကျင်း​အထိ​လည်းကောင်း ယခင်​နေရာ​၌ တည်ရှိ​လိမ့်မည်​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos