၂ ရာချုပ် 26:5 - မြန်မာ့စံမီသမ္မာကျမ်း5 ဘုရားသခင်၏ဗျာဒိတ်တော်အကြောင်းကို သိနားလည်သောဇာခရိ အသက်ရှင်သမျှကာလပတ်လုံး ဘုရားသခင်ကို ရှာ၏။ ထာဝရဘုရားကို ရှာသောကာလပတ်လုံးတွင်လည်း ဘုရားသခင်သည် သူ့ကို အောင်မြင်ခွင့်ပေးတော်မူ၏။ Ver CapítuloCommon Language Bible5 သူသည်မိမိ၏ဘာသာရေးအတိုင်ပင်ခံ ဇာခရိအသက်ရှင်လျက်နေသမျှကာလ ပတ်လုံး ထာဝရဘုရားအားသစ္စာနှင့်ကိုး ကွယ်သဖြင့်ဘုရားသခင်သည်သူ့အား ကောင်းချီးပေးတော်မူ၏။ Ver CapítuloGarrad Bible5 ဘု ရား သ ခင့် ရူ ပါ ရုံ ကို ဖော် ပြ တတ် သော ဇာ ခ ရိ လက် ထက် ကာ လ ပတ် လုံး၊ ဘု ရား သ ခင် ကို ရှာ ဖွေ လေ ၏။ ထို သို့ ရှာ ဖွေ စဉ် တွင် ဘု ရား သ ခင် အောင် မြင် စေ တော် မူ သည် နှင့် အ ညီ၊ Ver CapítuloJudson Bible5 ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံကို နားလည်သော ဇာခရိလက်ထက်၌၊ ဩဇိမင်းသည် ဘုရားသခင်ကို ဆည်းကပ်၏။ ထာဝရဘုရားကို ဆည်းကပ်သောကာလပတ်လုံး၊ ဘုရားသခင်သည် အကြံထမြောက်ရသောအခွင့်ကို ပေးတော်မူ၏။ Ver Capítulo |
သူသည် အာသမင်းကြီးထံသွားကာ “အို အာသမင်းကြီးနှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ သင်တို့သည် ထာဝရဘုရားနှင့်အတူရှိလျှင် ထာဝရဘုရားသည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပစ်လျှင် ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပစ်တော်မူမည်။
သင်သည် အနက်အဓိပ္ပာယ်များကို ဖွင့်ပြပေးနိုင်ကြောင်း၊ ခက်ခဲသောပြဿနာများကို ဖြေရှင်းနိုင်ကြောင်းကို ငါကြားသိရ၏။ ယခု သင်သည် ထိုစာကိုဖတ်၍ ငါ့အား အနက်အဓိပ္ပာယ်ကို ဖော်ပြပေးနိုင်လျှင် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်၍ လည်တွင် ရွှေစလွယ်ဆင်ကာ တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်ခွင့်ရမည်”ဟု မိန့်ဆို၏။
အစ္စရေးလူမျိုးတို့သည် ယောရှုအသက်ရှင်စဉ်ကာလပတ်လုံးတွင်လည်းကောင်း၊ ယောရှုသေဆုံးသွားပြီးနောက် အသက်ရှင်ကျန်ရစ်သေးသောသူများဖြစ်သည့် အစ္စရေးလူမျိုးတို့အတွက် ထာဝရဘုရားပြုတော်မူသောကြီးမြတ်သည့်အမှုရှိသမျှတို့ကို သိမြင်ခဲ့ရသောသက်ကြီးဝါကြီးတို့လက်ထက်တွင်လည်းကောင်း ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။