၂ ရာချုပ် 25:15 - မြန်မာ့စံမီသမ္မာကျမ်း15 ထို့ကြောင့် ထာဝရဘုရားသည် အာမဇိမင်းကြီးကို အမျက်ထွက်တော်မူ၍ သူ့ထံပရောဖက်တစ်ပါးကို စေလွှတ်ကာ “မင်းကြီး၏လက်မှ မိမိလူတို့ကိုမကယ်တင်နိုင်သောလူမျိုးခြားတို့၏ဘုရားများကို အဘယ်ကြောင့် ဆည်းကပ်သနည်း”ဟု ဆို၏။ Ver CapítuloCommon Language Bible15 သို့ဖြစ်၍ထာဝရဘုရားသည်အမျက်ထွက် တော်မူ၍ ပရောဖက်ကိုအာမဇိထံစေလွှတ် တော်မူ၏။ ပရောဖက်က``မင်းကြီး၏လက်မှ မိမိလူတို့ကိုမကယ်နိုင်သောလူမျိုးခြား ဘုရားတို့ကို မင်းကြီးသည်အဘယ်ကြောင့် ဝတ်ပြုရှိခိုးပါသနည်း'' ဟုမေး၏။ Ver CapítuloGarrad Bible15 အာ မ ဇိ မင်း အ ပေါ် တွင်၊ ထာ ဝ ရ ဘု ရား အ မျက် တော် ထား ၍၊ ပ ရော ဖက် ကို စေ လွှတ် ဆင့် ဆို သည် မှာ၊ ဘုရင် မင်း၏ လက် တွင်း မှ ကိုယ့် လူ မျိုး ကို ပင် မ ကယ် ဆယ် နိုင် သော၊ လူ မျိုး ခြား တို့ ဘု ရား များ ကို၊ အ ဘယ့် ကြောင့် ရှာ ဖွေ သ နည်း ဟု ဆင့် ဆို လျှင်၊ သင် သည် မင်း တိုင် ပင် လော။ တိတ် လော့။ Ver CapítuloJudson Bible15 ထာဝရဘုရားသည် အာမဇိကိုအမျက်ထွက်၍၊ ပရောဖက်ကို စေလွှတ်တော်မူသည်ကား၊ မိမိလူတို့ကို ရန်သူလက်မှ မကယ်နိုင်သော တစ်ပါးအမျိုးသားဘုရားတို့ကို အဘယ်ကြောင့်ဆည်းကပ်သနည်းဟု ပြောဆိုလျှင်၊ Ver Capítulo |
ထိုအခါ မရေရှမြို့မှ ဒေါဒေဝ၏သားဧလျေဇာက ယောရှဖတ်မင်းကြီးအား “အရှင်မင်းကြီးသည် အာခဇိမင်းကြီးနှင့် မဟာမိတ်ဖွဲ့သောကြောင့် အရှင်မင်းကြီး၏လုပ်ငန်းများကို ထာဝရဘုရားဖျက်ဆီးပစ်လိမ့်မည်”ဟု ပရောဖက်ပြုဆင့်ဆို၏။ ထို့ကြောင့် သူတို့၏သင်္ဘောများပျက်စီးပြီး တာရှုမြို့သို့လည်း ကုန်ကူးမသွားနိုင်တော့ချေ။
ထိုစဉ်က ဘုရားသခင်၏ဝိညာဉ်တော်သည် ယဇ်ပုရောဟိတ်ယောယဒ၏သားဇာခရိထံသက်ရောက်သဖြင့် သူသည် လူတို့ရှေ့တွင်ရပ်ပြီး “ဘုရားသခင်က ‘သင်တို့ အဘယ်ကြောင့် ထာဝရဘုရား၏ပညတ်တော်များကို ချိုးဖောက်ကြသနည်း။ သင်တို့အောင်မြင်ကြီးပွားမည်မဟုတ်။ သင်တို့သည် ထာဝရဘုရားကို စွန့်ပယ်သည်ဖြစ်၍ ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပယ်ပြီ’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလေ၏။
ထိုသို့ ပရောဖက်ပြောဆိုနေသည်ကို အာမဇိမင်းကြီးက “သင့်ကို ရှင်ဘုရင်၏အတိုင်ပင်ခံအဖြစ် ခန့်ထားသလော။ တိတ်တိတ်နေလော့။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်ခံရအောင်လုပ်သနည်း”ဟု ပြန်ပြောရာ ပရောဖက်က “ငါပေးသောအကြံကို သင်နားမထောင်၊ ဤအမှုကို သင်ပြုသောကြောင့် ဘုရားသခင်သည် သင့်ကိုဖျက်ဆီးပစ်ရန် ကြံရွယ်ထားသည်ကို ငါသိ၏”ဟု ဆိုလေ၏။
ရှမာရိမြို့၌ ဩဒက်အမည်ရှိသောထာဝရဘုရား၏ပရောဖက်တစ်ပါး ရှိ၏။ သူသည် ရှမာရိမြို့သို့ပြန်လာသောစစ်သည်ဗိုလ်ခြေတို့ကို ထွက်ကြိုပြီး “သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် ယုဒအမျိုးကို အမျက်ထွက်၍ သူတို့ကို သင်တို့၏လက်သို့အပ်တော်မူသည်ကို သင်တို့သည် မိုးထိအောင်အမျက်ထွက်၍ သူတို့ကိုသတ်ဖြတ်လေပြီ။