၂ ရာချုပ် 25:10 - မြန်မာ့စံမီသမ္မာကျမ်း
10 ထို့ကြောင့် အာမဇိမင်းကြီးသည် သူ့ထံသို့ရောက်လာသော ဧဖရိမ်ပြည်မှစစ်သူရဲများကို သူတို့အိမ်သို့ပြန်သွားရန် လွှတ်လိုက်၏။ သူတို့သည် ယုဒလူမျိုးတို့ကို အမျက်ထွက်၍ ဒေါသတကြီးနှင့် မိမိတို့အိမ်သို့ပြန်သွားကြ၏။
Ver Capítulo Copiar
10 သို့ဖြစ်၍အာမဇိသည်ငှားရမ်းထားသည့် တပ်သားတို့ကို မိမိနေရပ်သို့ပြန်စေတော် မူ၏။ ထိုအခါသူတို့သည်ယုဒပြည်သူ တို့အားအလွန်အမျက်ထွက်လျက် မိမိတို့ နေရပ်သို့ပြန်သွားကြ၏။
Ver Capítulo Copiar
10 ဧ ဖ ရိမ် ပြည် မှ လိုက် ပါ သော အ လုံး အ ရင်း ကို၊ အာ မ ဇိ မင်း ခွဲ ထား လျက်၊ နေ ရာ ရင်း သို့ ပြန် လွှတ် သည့် အ တွက်၊ ထို သူ တို့ သည် ယု ဒ အ မျိုး ကို ရန် ငြိုး ဖွဲ့ ပြီး လျှင်၊ ဒေါ သ အ မျက် ခြောင်း ခြောင်း ထွက် လျက်၊ နေ ရာ ရင်း သို့ ပြန် သွား ကြ လေ ၏။
Ver Capítulo Copiar
10 ထိုအခါ အာမဇိသည် ဧဖရိမ်ပြည်မှရောက်လာသော စစ်သူရဲတို့ကို ခွဲထား၍၊ မိမိတို့နေရာသို့ ပြန်သွားစေခြင်းငှာ လွှတ်လိုက်သဖြင့်၊ သူတို့သည် အလွန်အမျက်ထွက်၍ ယုဒပြည်သားတို့၌ အငြိုးထားလျက်၊ မိမိတို့ နေရာသို့ ပြန်သွားကြ၏။
Ver Capítulo Copiar