၂ ရာချုပ် 24:24 - မြန်မာ့စံမီသမ္မာကျမ်း24 ယုဒလူမျိုးတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို စွန့်ပယ်သောကြောင့် ဆီးရီးယားစစ်သည်တို့သည် လူအနည်းငယ်နှင့်သာချီလာသော်လည်း ထာဝရဘုရားသည် ယုဒစစ်သည်အမြောက်အမြားကို သူတို့လက်သို့ အပ်လိုက်လေ၏။ ထို့ကြောင့် သူတို့သည် ယောရှမင်းကြီးကို ဒဏ်ခတ်စီရင်ကြလေ၏။ Ver CapítuloCommon Language Bible24 ရှုရိတပ်မတော်သည်သေးငယ်သော်လည်း ထာဝရဘုရားသည်ပိုမိုကြီးမားသည့် ယုဒတပ်မတော်ကိုနှိမ်နင်းခွင့်ပေးတော် မူ၏။ အဘယ်ကြောင့်ဆိုသော်ယုဒပြည်သူ တို့သည် မိမိတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအားစွန့်ပယ်ကြ သောကြောင့်ဖြစ်၏။ ဤနည်းအားဖြင့် ယောရှမင်းသည်အပြစ်ဒဏ်စီရင် တော်မူခြင်းကိုခံရသတည်း။- Ver CapítuloGarrad Bible24 ယု ဒ လူ မျိုး သည်၊ များ ပြား သော အ လုံး အ ရင်း ဖြစ် လျက်၊ ဘိုး ဘေး တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို စွန့် ခွာ ကြ သော ကြောင့်၊ သိမ် ငယ် သော ရှု ရိ အ လုံး အ ရင်း လက် သို့ ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ သ ဖြင့်၊ ယော ရှ မင်း ကို ပြစ် ဒဏ် စီ ရင် စေ တော် မူ ၏။ Ver CapítuloJudson Bible24 ယုဒလူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကို စွန့်သောကြောင့်၊ များပြားသောအလုံးအရင်း ဖြစ်သော်လည်း၊ နည်းသောရှုရိတပ်အလုံးအရင်းလက်သို့ ထာဝရဘုရား အပ်တော်မူ၍၊ ရှုရိလူတို့သည် ယောရှကိုတရားစီရင်ကြ၏။ Ver Capítulo |
ထိုစဉ်က ဘုရားသခင်၏ဝိညာဉ်တော်သည် ယဇ်ပုရောဟိတ်ယောယဒ၏သားဇာခရိထံသက်ရောက်သဖြင့် သူသည် လူတို့ရှေ့တွင်ရပ်ပြီး “ဘုရားသခင်က ‘သင်တို့ အဘယ်ကြောင့် ထာဝရဘုရား၏ပညတ်တော်များကို ချိုးဖောက်ကြသနည်း။ သင်တို့အောင်မြင်ကြီးပွားမည်မဟုတ်။ သင်တို့သည် ထာဝရဘုရားကို စွန့်ပယ်သည်ဖြစ်၍ ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပယ်ပြီ’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလေ၏။
ထို့ကြောင့် သူ၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကို ဆီးရီးယားဘုရင်လက်သို့ အပ်လိုက်တော်မူ၏။ ဆီးရီးယားလူမျိုးတို့သည် သူ့ကိုအောင်နိုင်ပြီး သုံ့ပန်းအမြောက်အမြားကို ဒမတ်စကပ်မြို့သို့ ဖမ်းဆီးခေါ်ဆောင်သွား၏။ သူသည် အစ္စရေးဘုရင်လက်သို့လည်း အပ်လိုက်ခြင်းခံရသဖြင့် ထိုဘုရင်သည် သူ့ကို အပြင်းအထန်တိုက်ခိုက်ချေမှုန်းလေ၏။