၂ ရာချုပ် 24:16 - မြန်မာ့စံမီသမ္မာကျမ်း16 သူသည် အစ္စရေးနိုင်ငံတွင် ဘုရားသခင်နှင့်အိမ်တော်အတွက်ကောင်းသောအမှုများကို ပြုသောကြောင့် သူ့ကို ဒါဝိဒ်မြို့တွင် ဘုရင်များနှင့်အတူ သင်္ဂြိုဟ်ကြ၏။ Ver CapítuloCommon Language Bible16 ဣသရေလပြည်သူတို့အတွက်၊ ဘုရားသခင် အတွက်နှင့် ဗိမာန်တော်အတွက်ဆောင်ရွက်ခဲ့ သည်ကိုအသိအမှတ်ပြုသည့်အနေဖြင့် ပြည်သူတို့သည်သူ၏အလောင်းကို ဒါဝိဒ် မြို့ဘုရင်တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ Ver CapítuloGarrad Bible16 ဘု ရား သ ခင်၏ အ မှု တော် နှင့် ဗိ မာန် တော် အ မှု၊ ဣ သ ရေ လ ပြည် ကျိုး များ ကို သယ် ပိုး ရွက် ဆောင် သူ ဖြစ် သော ကြောင့်၊ ဒါ ဝိဒ် မြို့ တော် ရှိ သင်္ချိုင်း တော် တွင် စျာ ပ န ပြု ကြ ကုန် ၏။ Ver CapítuloJudson Bible16 ဒါဝိဒ်မြို့မှာ ရှင်ဘုရင်တို့တွင် သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ အကြောင်းမူကား၊ ဣသရေလအမျိုးတွင် ဘုရားသခင်၌လည်းကောင်း၊ အိမ်တော်၌လည်းကောင်း ကျေးဇူးပြုသောသူဖြစ်သတည်း။ Ver Capítulo |
ထို့ကြောင့် ယဟောရှမင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒနှင့် အခြားယဇ်ပုရောဟိတ်တို့ကို ဆင့်ခေါ်၍ “အိမ်တော်အပျက်အစီးများကို အဘယ်ကြောင့် မပြုပြင်ကြသနည်း။ ယခု ကိုယ်နှင့်ရင်းနှီးသူတို့ထံမှ ငွေကိုမယူဘဲ အိမ်တော်အပျက်အစီးကိုပြုပြင်ရန်အတွက် ကိုယ့်ငွေကို ပေးအပ်ကြလော့”ဟု မိန့်ဆို၏။
အကြောင်းမူကား ဘုရားသခင်သည် သင်တို့၏လုပ်ဆောင်မှုကိုလည်းကောင်း၊ သန့်ရှင်းသူတို့ကို ယခင်က သင်တို့လုပ်ကျွေးပြုစုသကဲ့သို့ ယခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်၏နာမတော်ကိုထောက်၍ သင်တို့ပြသောချစ်ခြင်းမေတ္တာတို့ကိုလည်းကောင်း မေ့လျော့သည့်တိုင်အောင် တရားမျှတမှုကင်းမဲ့တော်မူသည်မဟုတ်။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင့်အမျိုးအနွယ်နှင့်သင့်ဘိုးဘေး၏အမျိုးအနွယ်သည် ငါ့ရှေ့၌ အစဉ်ဝင်ထွက်သွားလာရမည်’ဟူ၍ ငါအမှန်ဆိုခဲ့၏။ ယခုမှာ ထာဝရဘုရားက ‘ထိုမိန့်ဆိုချက်သည် ငါနှင့်ဝေးပါစေ။ ငါ့ကိုဂုဏ်ပြုချီးမြှောက်သောသူကို ငါဂုဏ်ပြုချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် မထီမဲ့မြင်ပြုခြင်းခံရမည်။