Biblia Todo Logo
La Biblia Online
- Anuncios -




၂ ရာ​ချုပ် 24:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ရှင်ဘုရင်​နှင့်​ယောယဒ​သည် ထို​ငွေ​တို့​ကို ထာဝရဘုရား​၏​အိမ်​တော်​အမှု​ကို​ဆောင်ရွက်​သူ​တို့​လက်​သို့​အပ်​၏​။ သူ​တို့​က ထာဝရဘုရား​၏​အိမ်​တော်​ကို ပြုပြင်​ရန်​အတွက် ကျောက်ဆစ်သမား​၊ လက်သမား​တို့​ကို ငှား​၏​။ ထို့အတူ ထာဝရဘုရား​၏​အိမ်​တော်​ကို ပြုပြင်​ရန်​အတွက် သံ​၊ ကြေးနီ​တို့​ကို​သွန်းလုပ်​တတ်​သော​ပန်းပဲသမား​တို့​ကို ငှား​၏​။

Ver Capítulo Copiar

Common Language Bible

12 မင်း​ကြီး​နှင့်​ယော​ယ​ဒ​သည် ထို​ငွေ​ကို​ဗိ​မာန် တော်​မွမ်း​မံ​ပြင်​ဆင်​မှု​လုပ်​ငန်း​ကြီး​ကြပ်​သူ များ​၏​လက်​သို့​ပေး​အပ်​ကြ​၏။ ကြီး​ကြပ်​သူ တို့​သည်​မွမ်း​မံ​ပြင်​ဆင်​မှု​အ​တွက် ပန်း​ရန် သ​မား၊ လက်​သ​မား၊ ပန်း​ပဲ၊ ပန်း​တဉ်း သ​မား​တို့​ကို​ငှား​ရမ်း​ကြ​၏။-

Ver Capítulo Copiar

Garrad Bible

12 ဘု ရင် မင်း နှင့် ယော ယ ဒ တို့ သည်၊ ဗိ မာန် တော် လုပ် ကိုင် မှု ကို ဆောင် ရွက် သူ တို့ အား အပ် ၍၊ ဗိ မာန် တော် ကို ပြု ပြင် ခိုင် ခံ့ စေ ရန် ဗိသု ကာ၊ ပန်း ရန်၊ ပန်း ပဲ၊ ပန်း တဉ်း သ မား တို့ ကို ငှား သည့် အ လျောက်၊

Ver Capítulo Copiar

Judson Bible

12 ရှင်​ဘု​ရင်​နှင့် ယော​ယ​ဒ​သည် ဗိ​မာန်​တော်၏​အ​မှု​တော်​စောင့်​တို့၌ ထို​ငွေ​ကို​အပ်၍ ဗိ​မာန်​တော်​ကို ပြု​ပြင်​စေ​ခြင်း​ငှာ၊ ပန်း​ရန်​သ​မား၊ လက်​သ​မား၊ ပန်း​ပဲ​သ​မား၊ ပန်း​တဉ်း​သ​မား​တို့​အား ပေး​ဝေ​ကြ၏။

Ver Capítulo Copiar




၂ ရာ​ချုပ် 24:12
7 Referencias Cruzadas  

တိုင်ရာ​ဘုရင်​ဟိရံ​မင်းကြီး​သည်​လည်း သစ်ကတိုးသား​များ​နှင့်တကွ လက်သမား​များ​၊ ကျောက်ဆစ်သမား​များ​နှင့် တမန်​တို့​ကို​ဒါဝိဒ်​မင်းကြီး​ထံ စေလွှတ်​၏​။ သူ​တို့​သည် ဒါဝိဒ်​မင်းကြီး​အဖို့ နန်းတော်​ကို တည်ဆောက်​ပေး​ကြ​၏​။


ရှောလမုန်​မင်းကြီး​ထံ၌ အထမ်းသမား အယောက်​ခုနစ်သောင်း​နှင့် တောင်​ပေါ်တွင် ကျောက်ဆစ်သမား အယောက်​ရှစ်သောင်း​ရှိ​၏​။


လေဝိ​အမျိုးသား​တို့​သည် ငွေ​အမြောက်အမြား​ရလာ​ပြီ​ဖြစ်​ကြောင်း သိမြင်​လျှင် သေတ္တာ​ကို ဘုရင့်​အမှုထမ်း​များ​ထံသို့ ယူဆောင်​လာ​ကြ​၏​။ ထိုအခါ စာရေးတော်ကြီး​နှင့် ယဇ်ပုရောဟိတ်​ခေါင်းဆောင်​အကြီးအကဲ​တို့​သည်​လာ​၍ သေတ္တာ​ထဲမှ ငွေ​ကို​ထုတ်​ပြီး ယူဆောင်​သွား​၏​။ သေတ္တာ​ကို​မူ သူ့​နေရာ​တွင် ပြန်ထား​စေ​၏​။ နေ့စဉ်နေ့တိုင်း ထိုသို့​ပြု​ရာ ငွေ​အမြောက်အမြား​ကို ကောက်ခံ​ရရှိ​လေ​၏​။


အလုပ်လုပ်​သော​သူ​တို့​သည် အလုပ်​ကို​ကြိုးစား​၍​လုပ်ဆောင်​ကြ​၏​။ သူ​တို့​လုပ်ဆောင်​သော​အိမ်​တော်​ပြုပြင်​ခြင်း​အမှု​သည်​လည်း အထမြောက်​၍ ဘုရားသခင်​၏​အိမ်​တော်​ကို ယခင်​ပုံစံ​အတိုင်း ခိုင်ခံ့​အောင်​ပြုပြင်​ကြ​၏​။


သူ့​သား​တော်​များ​အကြောင်း​၊ သူ​နှင့်​ပတ်သက်သော​ဗျာဒိတ်​တော်​များ​အကြောင်း​၊ ဘုရားသခင်​၏​အိမ်​တော်​ကို​ပြုပြင်​ခဲ့​ပုံ​အကြောင်း​များ​ကို ရှင်ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​များ​တွင် ရေးမှတ်​ထား​၏​။ သူ​၏​သား​တော်​အာမဇိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


ယောရှိ​မင်းကြီး နန်းစံ​တစ်ဆယ့်​ရှစ်​နှစ်​တွင် ပြည်​တော်​နှင့်​အိမ်​တော်​ကို စင်ကြယ်​စေ​ပြီးနောက် ဘုရားသခင်​ထာဝရဘုရား​၏​အိမ်​တော်​ကို​ပြုပြင်​ရန်​အတွက် အာဇလိ​၏​သား​ရှာဖန်​၊ မြို့တော်ဝန်​မာသေယ​၊ ယောခတ်​၏​သား​အတွင်းဝန်​ယောအာ​တို့​ကို စေလွှတ်​လိုက်​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos