၂ ရာချုပ် 23:3 - မြန်မာ့စံမီသမ္မာကျမ်း3 ထို့နောက် ဘုရားသခင်၏အိမ်တော်တွင် လူထုတစ်ရပ်လုံးသည် ရှင်ဘုရင်နှင့် ကတိသစ္စာပြုကြပြီး ယောယဒက “ဒါဝိဒ်မင်းကြီး၏သားမြေးတို့နှင့်ပတ်သက်၍ ထာဝရဘုရား ကတိထားခဲ့သည့်အတိုင်း ရှင်ဘုရင်၏သားတော်သည် အုပ်စိုးရလိမ့်မည်။ Ver CapítuloCommon Language Bible3 ထိုသူတို့သည်ဗိမာန်တော်တွင်စုဝေး၍ ဘုရင့် သားတော်ယောရှနှင့်ပဋိညာဉ်ပြုကြ၏။ ယော ယဒကသူတို့အား``ကွယ်လွန်သောဘုရင် ၏သားတော်သည်ဤတွင်ရှိပါ၏။ ဒါဝိဒ်မင်း ၏သားမြေးများအတွက် ထာဝရဘုရား ကတိထားတော်မူခဲ့သည့်အတိုင်းသူသည် ယခုနန်းတက်ရမည်ဖြစ်သည်။- Ver CapítuloGarrad Bible3 ဘု ရား သ ခင် ဗိ မာန် တော် တွင်၊ ပ ရိ သတ် ကို မင်း လောင်း နှင့် သ စ္စာ ဆို စေ ပြီး မှ၊ ယော ယ ဒ က၊ မင်း သား လည်း၊ ဒါ ဝိဒ် မင်း သား စဉ် မြေး ဆက် တို့ ကို ရည်၍ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ထား တော် မူ သည့် အ တိုင်း၊ မင်း ပြု ရ မည်။ Ver CapítuloJudson Bible3 စည်းဝေးသောသူအပေါင်းတို့သည် ဗိမာန်တော်၌ ရှင်ဘုရင်နှင့် ပဋိညာဉ်ဖွဲ့ကြ၏။ ယောယဒကလည်း၊ ရှင်ဘုရင်သားတော်ကို ကြည့်ရှုကြလော့။ ထာဝရဘုရားသည် ဒါဝိဒ်အမျိုးကို မိန့်တော်မူသည်အတိုင်း၊ ရှင်ဘုရင်သားတော် စိုးစံရမည်။ Ver Capítulo |
ထို့ပြင် ‘သင်၏သားမြေးတို့သည် သူတို့သွားရာလမ်းတွင် စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ သစ္စာရှိလျက် ငါ့မျက်မှောက်၌အသက်ရှင်လျှောက်လှမ်းရန် စောင့်ထိန်းကြမည်ဆိုလျှင် အစ္စရေးလူမျိုး၏ရာဇပလ္လင်ပေါ်တွင် သင်၏မျိုးဆက်မပြတ်ရ’ဟု ငါ့အား ကတိထားခဲ့သည့်စကားတော်အတိုင်း ထာဝရဘုရားပြုတော်မူမည်။
အစ္စရေးသက်ကြီးဝါကြီးအပေါင်းတို့သည်လည်း ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ရောက်လာကြ၏။ ဟေဗြုန်မြို့တွင် ဒါဝိဒ်သည် ထာဝရဘုရားရှေ့တော်၌ သူတို့နှင့် ကတိသစ္စာပြုပြီးလျှင် ရှမွေလမှတစ်ဆင့် ထာဝရဘုရားမိန့်မှာထားတော်မူခဲ့သည့်အတိုင်း သူတို့သည် ဒါဝိဒ်ကို အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးကြ၏။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏အစေအပါး အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘ငါ့ရှေ့မှောက်၌ သင်အသက်ရှင်လျှောက်လှမ်းခဲ့သည့်နည်းတူ သင့်သားမြေးတို့သည်လည်း ငါ့ပညတ်တရားအတိုင်း တည်ကြည်စွာအသက်ရှင်လျှောက်လှမ်းလျှင် သင့်မျိုးရိုးသည် ငါ့ရှေ့မှောက် အစ္စရေးရာဇပလ္လင်တွင် မပြတ်စံမြန်းရလိမ့်မည်’ဟု မိန့်ဆိုခဲ့သည့်စကားကို တည်စေတော်မူပါ။