၂ ရာချုပ် 22:11 - မြန်မာ့စံမီသမ္မာကျမ်း11 သို့သော် ယဟောရံမင်းကြီး၏သမီးတော်ယောရှေဘသည် အာခဇိမင်းကြီး၏သားတော်ယောရှကို အသတ်ခံရမည့်ဘုရင့်သားတော်များထဲမှ ခိုးယူ၍ အထိန်းတော်နှင့်အတူ အတွင်းခန်းထဲတွင်ထည့်ထား၏။ ဤသို့ ယဟောရံမင်းကြီး၏သမီးတော် ယဇ်ပုရောဟိတ်ယောယဒ၏မယား အာခဇိမင်းကြီး၏နှမတော်ဖြစ်သောယောရှေဘသည် ယောရှကိုဝှက်ထားသဖြင့် အာသလိရန်မှ ကင်း၍ အသတ်မခံရတော့ပေ။ Ver CapítuloCommon Language Bible11 အာခဇိတွင်ယောရှေဘဆိုသူအဖေတူ အမေကွဲညီမတစ်ယောက်ရှိ၏။ သူသည် ယောယဒနာမည်ရှိယဇ်ပုရောဟိတ်နှင့် အိမ်ထောင်ကျ၏။ ယောရှဘသည်အသတ် ခံရမည့်မင်းညီမင်းသားများအနက် အာခဇိ၏သားယောရှအားလျှို့ဝှက်စွာ ကယ်ဆယ်ပြီးလျှင် နို့ထိန်းတစ်ယောက်နှင့် အတူဗိမာန်တော်ရှိအိပ်ခန်း၌ဝှက်ထား လေသည်။ သူသည်ယင်းသို့ဝှက်ထားခြင်း အားဖြင့် သူငယ်အားအာသလိ၏ဋ္ဌား ဘေးမှလွတ်မြောက်စေ၏။- Ver CapítuloGarrad Bible11 သို့ ရာ တွင်၊ ဘု ရင့် သ မီး တော် ယော ရှေ ဘ သည်၊ ကွပ် မျက် ခံ ရ သူ မင်း ညီ မင်း သား တို့ အ နက်၊ အာ ခ ဇိ မင်း သား တော် ယော ရှ ကို လျှို့ တ ဝှက် ယူ၍၊ အ ထိန်း တော် ပါ၊ စက် ခန်း ဆောင် တွင် ဝှက် ထား လေ ၏။ ထို သို့ ယ ဟော ရံ မင်း သ မီး တော် အာ ခ ဇိ မင်း နှ မ တော်၊ ပ ရော ဟိတ် ယော ယ ဒ ၏ ခင် ပွန်း ယော ရှေ ဘ သည်၊ အာ သ လိ ဓား ဘေး မှ လွတ် စေ ခြင်း ငှာ ဝှက် ထား သည့် အ တိုင်း၊ ပြည် တော် ကို အာ သ လိ စိုး စံ စဉ်၊ သူ တို့ နှင့် အ တူ၊ ဗိ မာန် တော် တွင် ခြောက် နှစ် တိုင် တိုင် ယော ရှ ပုန်း နေ ရ လေ ၏။ Ver CapítuloJudson Bible11 သို့ရာတွင်၊ ရှင်ဘုရင်သမီး ယောရှေဘသည်၊ အာခဇိ၏သား ယောရှကိုအသေခံရသော ဆွေတော်မျိုးတော်ထဲက ခိုးယူ၍၊ သူနှင့်သူ၏ နို့ထိန်းကို အိပ်ခန်းထဲ၌ ဝှက်ထား၏။ ထိုသို့ယဟောရံမင်းကြီးသမီး၊ ယဇ်ပုရောဟိတ်ယောယဒ၏မယားဖြစ်သော အာခဇိ၏နှမယောရှေဘသည်၊ အာသလိလက်မှ ယောရှ၏အသက် လွတ်စေခြင်းငှာဝှက်ထားသဖြင့်၊ Ver Capítulo |