၂ ရာချုပ် 21:20 - မြန်မာ့စံမီသမ္မာကျမ်း20 သူသည် သက်တော်သုံးဆယ့်နှစ်နှစ်တွင် နန်းတက်၍ ဂျေရုဆလင်မြို့၌ ရှစ်နှစ်စိုးစံ၏။ သူအနိစ္စရောက်သောအခါ မည်သူမျှဝမ်းမနည်း။ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်သော်လည်း ရှင်ဘုရင်တို့သင်္ချိုင်းတွင် မသင်္ဂြိုဟ်ကြပေ။ Ver CapítuloCommon Language Bible20 သူသည်သက်တော်သုံးဆယ့်နှစ်နှစ်၌နန်း တက်၍ယေရုရှလင်မြို့တွင်ရှစ်နှစ်နန်းစံ တော်မူ၏။ ကွယ်လွန်သောအခါသူ၏အတွက် အဘယ်သူမျှဝမ်းမနည်းကြ။ သူ့အလောင်း ကိုဒါဝိဒ်မြို့တွင်သင်္ဂြိုဟ်ကြသော်လည်း ဘုရင်တို့၏သင်္ချိုင်းတွင်မသင်္ဂြိုဟ်ကြ။ Ver CapítuloJudson Bible20 ယဟောရံသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ရှစ်နှစ်စိုးစံပြီးမှ၊ အဘယ်သူမျှမနှမြောဘဲ သေသွား၏။ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်သော်လည်း၊ ရှင်ဘုရင်တို့ သင်္ချိုင်း၌ မသင်္ဂြိုဟ်ကြ။ Ver Capítulo |
သူတို့ ပြန်သွားသောအခါ ယောရှမင်းကြီးကို ဒဏ်ရာအပြင်းအထန်နှင့်ထားခဲ့၏။ ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒ၏သားကို သတ်သောအပြစ်ကြောင့် သူ၏အမှုထမ်းတို့သည် သူ့ကိုလုပ်ကြံ၍အိပ်ရာထက်တွင်ပင် သူ့ကိုကွပ်မျက်လိုက်ကြ၏။ ထို့ကြောင့် သူသည် အနိစ္စရောက်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်သော်လည်း ရှင်ဘုရင်သင်္ချိုင်းတွင် မသင်္ဂြိုဟ်ကြချေ။