၂ ရာချုပ် 21:1 - မြန်မာ့စံမီသမ္မာကျမ်း1 ယောရှဖတ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ဒါဝိဒ်မြို့တွင် ဘိုးဘေးတို့နှင့်အတူ သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယဟောရံသည် သူ့အရိုက်အရာကို ဆက်ခံ၏။ Ver CapítuloCommon Language Bible1 ယောရှဖတ်ကွယ်လွန်သောအခါဒါဝိဒ်မြို့ရှိ ဘုရင်တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ သား တော်ယဟောရံသည်ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။ Ver CapítuloGarrad Bible1 ယော ရှ ဖတ် မင်း သည်၊ ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက်၊ ဘင် တော် ဒါ ဝိဒ် မြို့ တော် ရှိ သင်္ချိုင်း တော် တွင်၊ စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင်၊ သား တော် ယေ ဟော ရံ သည်၊ အ ရိုက် အ ရာ၌ နန်း စံ လေ ၏။ Ver CapítuloJudson Bible1 ယောရှဖတ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်ယဟောရံသည် ခမည်းတော်အရာ၌ နန်းထိုင်၏။ Ver Capítulo |
ထိုအခါ မရေရှမြို့မှ ဒေါဒေဝ၏သားဧလျေဇာက ယောရှဖတ်မင်းကြီးအား “အရှင်မင်းကြီးသည် အာခဇိမင်းကြီးနှင့် မဟာမိတ်ဖွဲ့သောကြောင့် အရှင်မင်းကြီး၏လုပ်ငန်းများကို ထာဝရဘုရားဖျက်ဆီးပစ်လိမ့်မည်”ဟု ပရောဖက်ပြုဆင့်ဆို၏။ ထို့ကြောင့် သူတို့၏သင်္ဘောများပျက်စီးပြီး တာရှုမြို့သို့လည်း ကုန်ကူးမသွားနိုင်တော့ချေ။